မော်လမြိုင် ၊ ဇန်နဝါရီ (၂၅)

ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာကြီးပူနွေးလာမှု၏အကျိုးဆက်များမှ လူများနှင့် စီးပွားရေးများအတွက် ကာကွယ်ရန် ပိုကောင်းတဲ့ နည်းလမ်းများနှင့်ပတ်သက်၍ ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်းကို ကမ္ဘာလုံးဆိုင်ရာ တိုက်ဖျက်မှု အမြင့်ဆုံး အဆင့်ဆွေးနွေးပွဲသို့  ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။

သမ္မတ Joe Biden ဟာ ၎င်းအမေရိကန်ရဲ့ ပြန်လည်ဝင်ရောက်ခြင်းအကြောင်းကို ကြေညာပြီး တစ်ပတ်အကြာမှာ သူ့ရဲ့ အထူးကိုယ်စားလှယ် ဂျွန်ကယ်ရီအပါအဝင် တရုတ်ဒုတိယလက်ထောက် ၀န်ကြီးချုပ်ဟန်ဇန်၊ ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်၊ ပြင်သစ်သမ္မတ Emmanuel Macron၊ ဗြိတိသျှ ဝန်ကြီးချုပ် ဘိုရစ်ဂျွန်စင် နှင့် အခြားကိုယ်စားတို့သည်    ၂၀၁၅ ပါရီ Climate သဘောတူညီချက်ကို အစားထိုးပြောင်းလဲပြင်ဆင်ရေး ထိပ်သီးအစည်းအဝေးကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

နယ်သာလန်မှ Host အဖြစ် စီစဉ်ကျင်းပတဲ့ ၎င်းအွန်လိုင်း ဆွေးနွေးပွဲ အခမ်းအနားဟာ ၂၀၃၀ ခုနှစ်အထိ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းနှင့် ပတ်သက်သည့် လက်တွေ့ကျသော ဖြေရှင်းနည်းတွေနှင့် အစီအစဉ်များကို ဖော်ထုတ်ရန် ဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးမတိုင်မီ ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင် ၃၀၀၀ ကျော်ဟာ ကမ္ဘာကြီးပူနွေးလာမှု၏ နောက်ဆက်တွဲဆိုးကျိုးများမှ လူသားတို့ကို ပိုမိုကာကွယ်ဖို့ရန်အတွက် ခေါင်းဆောင်များကို ဖိအားပေးခဲ့ကြပါတယ်။

“ကျွန်ုပ်တို့၏လျင်မြန်စွာ ပူနွေးလာတဲ့ကမ္ဘာကြီးဟာ မိုးခေါင်ခြင်း၊ မီးလောင်ခြင်း၊ အပူလှိုင်းတွေ၊ ရေလွှမ်းမိုးမှုတွေနှင့် အပူပိုင်းဒေသ ဆိုင်ကလုန်းတွေ၊ အခြား ပြင်းထန်တဲ့ အဖြစ်အပျက်တွေကို အကြီးအကျယ် ရင်ဆိုင်ကြုံတွေ့နေခဲ့ရပြီး ဖြစ်တယ်” ဟု နိုဘယ်ဆုရှင်ငါးဦး အပါအဝင် သိပ္ပံပညာရှင်များက ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

“အခုကျွန်တော်တို့ ပြောင်းလဲ ပြင်ဆင်ခြင်း မရှိသေးရင် ရလဒ်တွေအနေနဲ့ လူ့ဘဝကို အကြီးအကျယ် ထိခိုက်ပျက်စီးစေတဲ့ ဆင်းရဲနွမ်းပါးမှု၊ ရေပြတ်လပ်မှု၊ စိုက်ပျိုး ရိက္ခာဆုံးရှုံးမှုတွေ နှင့် ရွှေ့ပြောင်းထွက်ခွာသွားမှုများဟာ ပိုမိုမြှင့်တက်စေမှာပါ။ “

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုကို ၃၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားစေနိုင်ပါတယ်။ ပင်လယ်ရေမြင့်တက်မှု၊ လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကမ်းခြေမြို့များရှိ သန်းပေါင်းရာချီတဲ့ လူတွေရဲ့ နေအိမ်များမှ အတင်းအဓမ္မပြောင်းရွှေ့သွားနိုင်ကြောင်း အစည်းအဝေး ဦးဆောင်ကျင်းပသူ the Global Center on Adaptation (GCA) က ပြောပါတယ်။

“ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းအတွက် ကာကွယ်ဆေး မရှိကြောင်း” GCA ရဲ့ ဥက္ကဌ နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းတို့က သတင်းထောက်များကို အခမ်းအနားမစတင်မီမှာ ပြောကြားခဲ့ပါတယ်။

“ဒါတွေဟာ ကျနော်တို့ တွေးဆထားတာထက်ကို လျင်လျင်မြန်မြန်ကို ဖြစ်ပျက်နေပါတယ်၊ အန္တရာယ်တွေ နှင့် ဆိုးကျိုးသက်ရောက်မှုတွေဟာလည်း အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ ရာသီဥတု ပြောင်းလဲမှု ခံနိုင်ရည်မြှင့်တင်ခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။”

ဒီထိပ်သီးအစည်းအဝေးမှာ ခိုင်မာတဲ့ ကတိကဝတ်တွေကို ပြုလုပ်လိမ့်မည် မဟုတ်သော်လည်း ခေါင်းဆောင်တွေဟာ လုပ်ဆောင်ရမယ့် အစီအစဉ်တွေ ရေးဆွဲခြင်း နှင့် ဆယ်စုနှစ်အကုန်ပိုင်းမှာ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ခံနိုင်တဲ့ ဂြိုဟ်တစ်ခုတည်ဆောက်ရန် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ဖို့ ကြိုးစားသွားမှာဖို့ ရှိနေပါတယ်။

ဗြိတိန်ဟာ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ မာလာဝီ၊ စိန့်လူစီယာနှင့် နယ်သာလန်တို့ ပူးပေါင်း၍ မုန်တိုင်းနှင့် ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားခြင်း၊ သီးနှံများအတွက် ရင်းနှီးမြှုပ်နှံမှုများအတွက် ကြိုတင်သတိပေးစနစ်များ ပါဝင်တဲ့ အစီအစဉ်တွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မင်းဟံတလမွန်

REF – CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.