မော်လမြိုင် ၊ ဇန်နဝါရီ (၂၁)

တရုတ် စည်းမျဉ်းကွပ်ကဲရေးအာဏာပိုင်အဖွဲ့ရဲ့  ဖြိုခွင်းခံရပြီးနောက် အာလီဘာဘာရဲ့ ဂျက်မားဟာ ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းရှေ့ ထွက်ပေါ်လာခဲ့ပါတယ်။ 

တရုတ်အင်တာနက်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ အလီဘာဘာကို တည်ထောင်သူ ဘီလျံနာသူဌေးကြီး ဂျက်မားဟာ နှစ်လကျော်ကြာ လူမြင်ကွင်းက ပျောက်နေခဲ့ပြီး သူနဲ့ပတ်သက်တဲ့ ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့အပေါ် အဆုံးသတ်လိုက်တဲ့ အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ အွန်လိုင်းဗီဒီယိုကနေ လူမြင်ကွင်းရှေ့ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဂျက်မားရဲ့ အောက်တိုဘာလအတွင်းပြောကြားခဲ့တဲ့ မိန်းခွန်းမှာ တရုတ်ရဲ့ ခေတ်မမီတော့တဲ့ ဘဏ္ဍာရေးစနစ်ကို ဝေဖန် ပြောဆိုခဲ့တာကြောင့် ဘဏ္ဍာရေးစည်းကြပ်အာဏာပိုင်တွေရဲ့ စောင့်ကြည့်ခံနေရချိန်မှာပဲ ချမ်းသာကြွယ်ဝမှု ခန့်မှန်းချေ ဒေါ်လာ ၅၈ သန်း ဝန်းကျင် ပိုင်ဆိုင်တဲ့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်သူ ဂျက်မားဟာ နိုဝင်ဘာလ အစောပိုင်းကစပြီး အများမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

နောက်ပိုင်း သိပ်မကြာတဲ့အချိန်တွင်းမှာ ဂျက်မားရဲ့ ဘဏ္ဍာရေးအုပ်စုဖြစ်တဲ့ Ant အုပ်စုရဲ့ စံချိန်ချိုးတဲ့ ဒေါ်လာ ၃၇ ဘီလီယံရှိ အများပိုင်အစုရှယ်ယာ ရောင်းချခဲ့တဲ့အပေါ်  တရုတ်စည်းမျဉ်းကွပ်ကဲရေး အာဏာပိုင်တွေက ဖြိုခွင်းဖို့ ပိုက်စိပ်တိုက် လုပ်ဆောင်လာခဲ့တာ ဖြစ်ပြီး ဒီလိုတုန်လှုပ်ဖွယ် လုပ်ဆောင်ချက်ဟာ ဂျက်မားရဲ့ အပြောအဆိုကြောင့်လို့ အချို့က ရှူမြင်ကြပါတယ်။

သို့ပေမယ့်  သူရဲ့ ပရဟိတအဖွဲ့က ကြီးမှူးကျင်းပတဲ့ နှစ်ပတ်လည်ဆုပေးအပ်ပွဲ အခမ်းအနားမှာ ဂျက်မားရဲ့ ကျေးလက်ဒေသက ကျောင်းဆရာ၊ ဆရာမတွေကို ဂုဏ်ပြုချီးမွန်းစကား ပြောဆိုတဲ့ ဗီဒီယိုဖိုင်ကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာ တရုတ်စီးပွားရေးသတင်းဌာက ဆိုရှယ်မီဒီယာပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

မိန့်ခွန်းတွင် ဂျက်မားဟာ တရုတ်နိုင်ငံရဲ့  ဆင်းရဲမှု လျှော့ချရေး ကြိုးပမ်းအားထုတ်မှုတွေ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုများကိုချီးကျူးခဲ့ပြီး ကျေးလက်ဆရာ၊ ဆရာမတွေကို ကူညီရန် ပိုမိုအားထုတ်ကြိုးပမ်းသွားမယ်လို့ ကတိပြုပြောကြားခဲ့သည်။

“ကျွန်တော်နဲ့ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ပညာရေးနဲ့ လူမှုဖူလုံရေးတွေမှာ ကိုယ်ကိုကို မြုပ်နှံသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်”ဆိုပြီး ဂျက်မားက ပြောကြားခဲ့တယ်လို့ တရုတ်သတင်း Tianmu News မှထုတ်ဝေတဲ့ သူ၏မိန့်ခွန်း မှတ်တမ်းတစ်ခုအရသိရပါတယ်။

“တရုတ်ဟာ ဖွံ့ဖြိုးမှု စင်မြင့်သစ်ပေါ် ရောက်ရှိနေပြီး ဘုံချမ်းသာကြွယ်ဝမှုဆီ ဦးတည်နေပါတယ်”လို့ သူက ပြောခဲ့ပါတယ်။

Jack Ma Foundation ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂျက်မားသည် နှစ်ပတ်လည် ကျေးလက်ဆရာဆရာမများလှုပ်ရှားမှု အွန်လိုင်းအခမ်းအနားသို့တက်ရောက်ခဲ့တယ်လို့ အတည်ပြုခဲ့သည်။

Ant IPO ကိုဖြုတ်ချပြီးတဲ့နောက် တရုတ်အာဏာပိုင်တွေဟာ အလီဘာဘာကို ဈေးကွက် လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးအဖြစ် စုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်ခဲ့တယ်။

မင်းဟံတလမွန်

REF – AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.