မော်လမြိုင် ၊ ဇန်နဝါရီ (၁၈)

ဝန်ကြီးချုပ် ပရာရွတ်သည် ဖျက်သိမ်းလိုက်တဲ့ ထားဝယ်စီမံကိန်း စာချုပ်ကို ပြင်ဆင်ရန် စတင်လုပ်ဆောင်နေပါတယ်။

ထိုင်းနိုင်ငံရဲ့ စတော့အိတ်ချိန်း စာရင်းတွင် လက်တလော နှောင့်နှေးမှု ရှိခဲ့တဲ့ အီတာလျံ ထိုင်းဖွံ့ဖြိုးတိုးတက်မှု  (ITD) ရဲ့ လုပ်ပိုင်ခွင့်များရပ်စဲမှု ရှိနေသော်လည်း ထိုင်းနိုင်ငံဟာ ထားဝယ် ဖွံ့ဖြိုးရေးစီမံကိန်းတွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ ကပြောပါတယ်။

ITD ရဲ့ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်မှု ပါဝင်တဲ့ ကုမ္ပဏီများမှ ပရောဂျက် (၅) ခုကို ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) တွင် လုပ်ပိုင်ခွင့်စာချုပ် (၇) ခုအတွက် ရပ်စဲကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (DSEZ MC) မှ အကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက် ITD မှ ပြီးခဲ့တဲ့ သောကြာနေ့မှာ အစိုးရရဲ့ အကူအညီရရှိရန် ဝန်ကြီးချုပ်ထံ တောင်းခံခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးပရာယွတ်က DSEZ အတွက် ထိုင်း – မြန်မာပူးတွဲ အဆင့်မြင့်ကော်မတီဥက္ကဌဖြစ်တဲ့ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဆူပါတန်နာပွန် နှင့် ပူးတွဲညှိနှိုင်းရေးကော်မတီ ဥက္ကဌဖြစ်တဲ့ ဘဏ္ဍရေးဝန်ကြီး မစ္စတာ အာခွန် တိုင်ပစ်တရာပါစစ် တို့ကို ဤကိစ္စနှင့်စပ်လျဉ်းပြီး မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းရန် တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်မှ မစ္စတာ ဆူပါတန်နာပွန် နှင့် မစ္စတာ အာခွန် တို့အား ITD နှင့် DSEZ MC တို့အကြား စာချုပ်အား အာဆီယံပဋိဉာဉ်စာတမ်းအရ ကာကွယ်ထားခြင်း ရှိမရှိစစ်ဆေးရန် ခွင့်ပြုခဲ့ပါတယ်။

အာဆီယံ ပဋိဉာဉ်စာတမ်းဟာ အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံရဲ့ ဥပဒေရေးရာအကြောင်းအရာတွေနဲ့ အဖွဲ့အစည်းဆိုင်ရာ မူဘောင်များကို ပံ့ပိုးပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်တစ်ခုဖြစ်ပါတယ်။

“ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းတွင်ပြဿနာတွေ များစွာရှိခဲ့ဖူးပါတယ်။ သို့သော်လည်း နှစ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းမှုအပြီးတွင် တိုးတက်လာမှာ ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဖွံ့ဖြိုးမှု ရလဒ်များ မျှော်လင့်ပါတယ်” လို့ ဝန်ကြီးချုပ် ပရာရွတ်က ပြောပါတယ်။

ပြီးခဲ့သည့်အပတ်က မစ္စတာ ဆူပါတန်နာပွန်ဟာ အစိုးရအနေဖြင့် စတင်လုပ်ဆောင်နိုင်မယ့် ဖြစ်နိုင်ခြေရှိတဲ့ လုပ်ဆောင်ချက်တွေကို ဗိုလ်ချုပ်ကြီးပရာယွတ်အား ပေးပို့ခဲ့ပြီး  ဘဏ္ဍရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာပြည်နယ်အေဂျင်စီများကလည်း ဒီကိစ္စကို ကြီးကြပ် လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။

ဘဏ္ဍာရေးဝန်ကြီး မစ္စတာ အာခွန်သည် အမျိုးသားစီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်မှုကောင်စီ၊ ဘတ်ဂျက်ဗျူရို၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့မှကိုယ်စားလှယ်များကို ယခု ပြဿနာအပေါ် အဖြေရှာရန်နှင့် ထိုင်းနယ်စပ်မှ ထားဝယ်စီမံကိန်းထိ လမ်းဖောက်လုပ်မှု စီမံချက်အတွက် ချေးငွေ ထိုင်းဘတ် ၄.၅ ဘီလီလျံ ကို ထိုင်းအစိုးရမှ မြန်မာအစိုးရအား ကမ်းလှမ်းရန် စီစဉ်ခဲ့သည့် အခြေအနေကို စောင့်ကြည့်ရန်အတွက် ပြီးခဲ့တဲ့ ကြာသပတေးနေ့က အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။

ကန်ချနဘူရီရှိ ဘန်ဖူနမ်ရွန်နယ်စပ်မှ ထားဝယ်စီမံကိန်းအထိ ၁၃၉ ကီလိုမီတာ ရှိတဲ့ လမ်းဖောက်မှုအတွက် ဘတ် ၄.၅ ဘီလီယံ ချေးငွေကို မြန်မာအစိုးရအား ကမ်းလှမ်းရန် ထိုင်းအစိုးရမှ ကတိပြုခဲ့တယ်လို့ ပြီးခဲ့သည့်အပတ်က မစ္စတာ ဆူပါတန်နာပွန်က ပြောပါတယ်။

ITD သည် ကုမ္ပဏီရဲ့ လုပ်ငန်းစုအောက်ရှိ စီမံကိန်း (၅) ခုရဲ့ ခွင့်ပြုချက် ၇ ခုအား ရပ်ဆိုင်းရန် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အကြောင်းကြားစာ ရရှိခဲ့ကြောင်း ပြီးခဲ့သည့်အပတ်က ထိုင်းစတော့အိတ်ချိန်းကို သတင်းပေးပို့ခဲ့ပါတယ်။

ကုမ္ပဏီရဲ့ စီမံကိန်းငါးခုဟာ လုပ်ပိုင်ခွင့်အတွက် အခပေးဆောင်ရန်ပျက်ကွက်ခဲ့ခြင်းနှင့် အချို့သောအခြေအနေများနှင့်လည်း ကိုက်ညီမှုမရှိနေပါဘူး။

ITD ဘုတ်အဖွဲ့သည် ရှင်းလင်းချက်စာတစ်စောင်ပြင်ဆင်ရန် နှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ၏ စွပ်စွဲချက်များကို ပြန်လည်ချေပရန်အတွက် ဥပဒေအကြံပေးတစ်ဦးကို ဇန်နဝါရီ ၁၁ ရက်နေ့မှာ ခန့်အပ်ခဲ့ပါတယ်။

မင်းဟံတလမွန်

REF – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.