မော်လမြိုင် ၊ ဇန်နဝါရီ (၁၉)

ဒုတိယကမ္ဘာစစ်အတွင်း ကိုရီးယားအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုများအတွက် လျော်ကြေးတောင်းဆိုမှုများပြုလုပ်ခဲ့ခြင်းဟာ တင်းမာနေသည့် ဆက်ဆံရေးကို ပိုမိုဆိုးရွားစေသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့တနင်္လာနေ့မှာ ပြစ်တင် ပြောဆိုလိုက်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး တိုရှိမစ်ဆူ မိုတီဂျီသည် Toshimitsu Motegi ပါလီမန်ရဲ့ သံတမန်ရေးရာ မူဝါဒမိန့်ခွန်းတွင် မကြာသေးမီက ချမှတ်လိုက်သည့် စစ်ပွဲအတွင်းလိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုခံခဲ့ရတဲ့ တောင်ကိုရီးယားအမျိုးသမီး (၁၂) ဦးကို လျော်ကြေးပေးရန် ဂျပန်အား အမိန့်ချမှတ်လိုက်ခြင်းဟာ “ နိုင်ငံတကာဥပဒေ နှင့် နှစ်နိုင်ငံဆက်ဆံရေးအရ လုံးဝမတွေးဝံ့စရာသာဖြစ်ပါတယ်” လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုကို အမြန်ဆုံး ပြင်ဆင်ဖို့နှင့် နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ပြန်လည်ရရှိစေဖို့အတွက် အလေးအနက်တိုက်တွန်းလိုပါတယ်လို့ သူက ပြောပါတယ်။

2013 ခုနှစ်မှာ တရားစွဲဆိုမှုတင်သွင်းခဲ့တဲ့ သက်ကြီးရွယ်အိုအမျိုးသမီး ၁၂ ယောက် ကို စစ်အတွင်း ကြုံတွေ့ ခံစားရခဲ့တဲ့ နှစ်သိမ့်မှုအဖြစ် တစ်ဦးလျှင် ၀မ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၉၁,၃၆၀) ကို ဂျပန်အစိုးရအနေဖြင့် ပေးဆောင်ရမည်ဟု ဆိုးလ် ဗဟိုခရိုင်တရားရုံးက ဇန်နဝါရီ ၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

သူတို့တွေဟာ ဂျပန်တွေ သိမ်းပိုက်ထားတဲ့ အာရှနှင့် ပစိဖိတ်ဒေသရှိ ထောင်နှင့်ချီတဲ့ အမျိုးသမီးများတွေထဲမှာ ရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်ခံခဲ့ရပါတယ်။

၁၉၁၀ မှ ၁၉၄၅ ခုနှစ်အတွင်း ကိုးရီးယားကျွန်းဆယ်ကို ကိုလိုနီအုပ်ချုပ်မှုအပေါ် ဆယ်စုနှစ်အတွင်း ဆက်ဆံရေး နိမ့်ကျနေခဲ့တဲ့ ဂျပန်ရဲ့လုပ်ရပ်အပေါ် တောင်ကိုးရီးယားရဲ့ ဆုံးဖြတ်ချက်များကြောင့် နှစ်နိုင်ငံအကြားတင်းမာမှုများပိုမိုဆိုးရွားလာခဲ့တာပါ။

စစ်ပွဲအတွင်း စက်ရုံအလုပ်ရုံတွေမှာ အဓမ္မခိုင်းစေခြင်းခံခဲ့ရသော တောင်ကိုရီးယားအချို့ကို ပြန်လည်လျော်ကြေးပေးရန် ဂျပန်ကုမ္ပဏီတွေကို တောင်ကိုရီးယားတရားရုံးချုပ်က ၂၀၁၈ ခုနှစ်မှာ  အမိန့်ချမှတ်ခဲ့တာပါ။

စစ်ကြောင့်လျော်ကြေးပေးခြင်း ကိစ္စအားလုံးကို ၁၉၆၅ ခုနှစ် ဆက်ဆံရေး ပုံမှန်ဖြစ်ရေး စာချုပ်အရ ဂျပန်မှစီးပွားရေးအကူအညီ အမေရိကန်ဒေါ်လာသန်း ၅၀၀ ပေးအပ်ခဲ့သည့် သဘောတူညီချက်ဖြင့် ဂျပန်သည် တရားရုံးဆုံးဖြတ်ချက်များကို ကန့်ကွက်ခဲ့ပါတယ်။

ကိုရီးယားစစ်အတွင်းမှ အလုပ်သမားများ လျော်ကြေးပေးရန်ငြင်းဆန်ပြီးနောက် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင် က တောင်ကိုရီးယား တရားရုံးများအနေဖြင့် ဂျပန်ကုမ္ပဏီများရဲ့ ပြည်တွင်းပိုင်ဆိုင်မှုများကို ဖျက်သိမ်းခြင်းမပြုမီနှင့် တောင်ကိုရီးယားနှင့်တိုကျိုကြား သံတမန်ရေးရာ အဖြေရှာရန် ပျက်ကွက်ပါက နှစ်နိုင်ငံဆက်ဆံရေးအတွက် နှစ်လိုဖွယ်ရာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံသည် ၁၉၉၅ အာရှအမျိုးသမီးများ ရံပုံငွေအဖွဲ့အောက်တွင် နိုင်ငံပေါင်း ၅ နိုင်ငံမှ စစ်အတွင်း လိင်ပိုင်းဆိုင်ရာ အဓမ္မမှု ကျူးလွန်ခံရသူများအား လျော်ကြေးပေးခြေခြင်းနှင့် တောင်းပန်စာများပေးခဲ့သော်လည်း တောင်ကိုရီးယားမှအပ အငြင်းပွားမှု ကိစ္စများကိုဖြေရှင်းခဲ့ပါတယ်။

မင်းဟံတလမွန်

REF – CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.