မော်လမြိုင် ၊ ဇန်နဝါရီ (၁၈)

အိန္ဒိယ၏ COVID-19 ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်မှာ လူပေါင်း ၁၉၀,၀၀၀ ကျော်ဖြင့် အောင်မြင်စွာ စတင်နိုင်ခဲ့ပြီး သူတို့ရဲ့ ပထမဆုံး ကာကွယ်ဆေးထိုးခြင်းကို ခံယူခဲ့ကြကာ မည်သူမျှ ဘေးထွက်ဆိုးကျိုးများ မရှိခဲ့ဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

သို့သော်လည်း နိုင်ငံတွင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးနှင့် ပတ်သက်တဲ့ စိုးရိမ်ပူပန်မှု အခြေအနေအစီရင်ခံစာများလည်း တစ်ဖက်မှာ ထွက်ပေါ်လျက် ရှိနေပါတယ်။

Oxford-AstraZeneca နှင့် အဆင့် (၃) စမ်းသပ်ဆဲဖြစ်တဲ့ နိုင်ငံတွင်းထုတ်လုပ်တဲ့ Covaxin ကာကွယ်ဆေးနှစ်မျိုးအတွက် အရေးပေါ်အသုံးပြုခွင့်ကို အာဏာပိုင်များက ခွင့်ပြုပေးခဲ့ပြီး လူဦး ရေ ၁.၃ ဘီလီယံရှိသည့်အနက် လူဦးရေ သန်း ၃၀၀ ကို ဇူလိုင်လမှာ ကာကွယ်ဆေးထိုးရန် စီစဉ်ထားပါတယ်။

ဆေးရုံဝန်ထမ်းများ၊ ရှေ့တန်းကျန်းမာရေးဝန်ထမ်း အခြေအနေများကြောင့် အသက် ၅၀ ကျော်သူတွေနဲ့ အန္တရာယ်များတယ်လို့ ယူဆရတဲ့ ရှေ့တန်းလုပ်သားများကို ကာကွယ်ဆေးထိုးရန် ပဏာမစာရင်းတွင်ထည့်သွင်းမှာ ဖြစ်ပါတယ်။

ပထမဆုံးသောနေ့မှာဘဲ အားတက်ဖွယ်ကောင်းတဲ့ တုံ့ပြန်ချက် ရလဒ်များ ရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Harsh Vardhan က ပြီးခဲ့တဲ့ စနေနေ့က ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်နှိမ်နင်းရေးအတွက် ဒီကာကွယ်ဆေးဟာ Sanjeevani (အသက်ကယ်ဆယ်ရေး) ဧကန်ဖြစ်လိမ့်မယ့်လို့ သူကဆက်ပြောပါတယ်။

ကျန်းမာရေး ၀န်ကြီးဌာနမှ“ ကာကွယ်ဆေးထိုးပြီးနောက်ဆေးရုံသို့တင်ပို့ခြင်းနှင့် ပတ်သက်၍ မည်သည့်အဖြစ်အပျက်မျှမတွေ့ရသေး” ဟု ထုတ်ပြန်နေသော်လည်း ဒေလီရှိ အိန္ဒိယနိုင်ငံ ဆေးဘက်ဆိုင်ရာ သိပ္ပံဌာန (AIIMS) အမြင့်ဆုံးပြည်သူ့ဆေးရုံတွင် လုံခြုံရေး အစောင့်တစ်ဦးမှ ဆေးထိုးပြီး နောက် မကြာမီအချိန်အတွင်းမှာ ဓာတ်မတည့်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံမီဒီယာများက ဆိုပါတယ်။ 

နယူးဒေလီရှိ ရမ်မမ်အိုဟာလိုဟီ ဆေးရုံဆရာဝန်များအဖွဲ့က စိုးရိမ် ပူပန်နေမှုများကို လျှော့ချရန် Covaxin အစား Oxford-AstraZeneca ကာကွယ်ဆေးကို ထိုးပေးရန် တင်ပြစာ တစ်စောင် ရေးသားခဲ့ပါတယ်။

“Covaxin ဟာ  စမ်းသပ်ချက်များပြုလုပ်ရာတွင် အပြည့်အဝစစ်ဆေးမှုမရှိခြင်းနှင့်ပတ်သက်ပြီး ဒေသခံတွေက စိုးရိမ်မှု အနည်းငယ် ရှိနေကြပါတယ်။ ဒါကြောင့်ကာကွယ်ဆေးထိုးခြင်းကို အများကလက်ခံနိုင်ခြင်းမရှိဘူး” ဆိုတဲ့ အကြောင်းအရာကို ဆေးဘက်ဆိုင်ရာ ကြီးကြပ်ရေးမှူးထံ ပေးပို့သည့်စာတွင် ပါရှိတယ်လို့ AFP မှ ဖော်ပြထားပါတယ်။

စနေနေ့က ရောဂါဗေဒပညာရှင် Arvind Ahuja ကအေအက်ဖ်ပီသတင်းဌာနသို့ပြောကြားရာတွင် “အချက်အလက်တွေထွက်လာရင်ကောင်းပါတယ်။ အကောင်းဆုံးကတော့၊ သူတို့ဟာအနည်းဆုံးတစ်လစောင့်ရလိမ့်မယ်  အဲ့ဒီ ထိရောက်မှုကို ကျွန်တော်တို့ကောင်းကောင်း သိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ကာကွယ်ဆေး ချီတုံချတုံဖြစ်နေခြင်းဟာ အဓိကစိုးရိမ်စရာအဖြစ် ရှိနေခဲ့ပြီး မကြာသေးမီက အိန္ဒိယနိုင်ငံရှိ လူပေါင်း ၁၈၀၀၀ ကို စစ်တမ်းကောက်ယူမှုအရ ၆၉ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးထိုးဖို့အတွက် အလျင်စလိုမဖြစ်နေဒါကိုလည်း တွေ့ရပါတယ်။

ကာကွယ်ဆေးနှင့် ပတ်သက်၍ ယုံကြည်မှု တိုးမြှင့်နိုင်ရန်အတွက် Covaxin နှင့် ပတ်သက်၍ ထိရောက်မှုအချက်အလက်များ ထုတ်ပြန်ရန် ထိပ်တန်းသိပ္ပံပညာရှင်များနှင့် ဆရာဝန်များကအာဏာပိုင်များကိုတောင်းဆိုခဲ့ကြပါတယ်။

မင်းဟံတလမွန်

REF – CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.