မော်လမြိုင် ၊ ဇန်နဝါရီ (၁၂)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိပ္ပံပညာရှင် ၁၀ ဦးဟာ ကိုဗစ် -၁၉ ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့ရန်အတွက် လာမယ့်ကြာသပတေးနေ့မှ တရုတ်နိုင်ငံသို့ လာရောက်မှာ ဖြစ်တယ်လို့ တရုတ် အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့ပါတယ်။

ကိုဗစ် ကူးစက်ရောဂါစတင်ပြီးနောက် တစ်နှစ်ကျော်အကြာတွင် စုံစမ်းစစ်ဆေးရေး ပြုလုပ်မှုကို ပေကျင်းအစိုးရမှ တားဆီးဖို့ ကြိုးပမ်းနေခဲ့တာပါ။

ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာကြီးကို ပျက်စီးစေခဲ့ပြီး လူဦးရေ ၂ သန်းနီးပါး သေဆုံးစေခဲ့ကာ ကမ္ဘာ့စီးပွားရေးကို ရပ်တန့်သွားစေခဲ့သည့်အတွက် ဒီ မစ်ရှင်ကို ပြုလုပ်ဖို့ အချိန်ကြာမြင့်စွာ စောင့်ခဲ့ရသည့်အပြင် နိုင်ငံရေးအရ အရေးပါမှု ရှိနေပါတယ်။

အမျိုးသားကျန်းမာရေး ကော်မရှင်က WHOရဲ့ အဖွဲ့ဟာ “ကိုဗစ် ၁၉ ဇစ်မြစ် လေ့လာစုံစမ်းမှုကို တရုတ်သိပ္ပံပညာရှင်တွေနဲ့  ပူးတွဲ သုတေသန လုပ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ၎င်းနှင့်ပတ်သက်ပြီးတော့ ထုတ်ပြန်ချက်မှာ အသေးစိတ်အချက်အလက်တွေ ဖော်ပြထားတာ မရှိဘူးလို့” ဆိုပါတယ်။

ယခုလအစောပိုင်းက မစ်ရှင်အကောင်အထည်ဖော်ရန်အတွက် နောက်ဆုံးအချိန်အထိ စောင့်ဆိုင်းနေခဲ့ရပြီးတော့ အဖွဲ့ကို ဝင်ခွင့်မပြုခဲ့ခြင်းဟာ တရုတ်အစိုးရရဲ့ လုပ်ရပ်အပေါ် WHO ရဲ့ အကြီးအကဲမှ ပြစ်တင်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ညွှန်ကြားရေးမှူးချုပ် တက်ဒရို အက်ဟ်နွန် ဂီဘရယ်ရီးဆက် Tedros Adhanom Ghebreyesus က ဒီလုပ်ရပ်အပေါ် အလွန်စိတ်ပျက်မိကြောင်း ပြစ်တင်ပြောဆိုခဲ့တာပါ။

တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းယင်း (Hua Chunying) က ပေကျင်းဟာ တင်းမာမှုကို လျှော့ချဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီးတော့ ဒါက နားလည်မှုလွဲမှားတာဘဲလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

WHO ရဲ့ ကျွမ်းကျင်သူ ပညာရှင်တွေဟာ ဆိုက်ရောက်ချိန်တွင် Quarantine ၂ ပတ် ဝင်ရမှာ ဖြစ်ပါတယ် သို့ပေမယ့် ၎င်းအဖွဲ့ဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက သေစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိသည့် Wuhan မြို့သို့ သွားရောက်ဖို့ မျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။

မင်းဟံတလမွန်

Ref – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.