မော်လမြိုင် ၊ ဇန်နဝါရီ (၆)

အင်ဒိုနီးရှားနိုင်ငံဟာ ခရစ္စမတ်နှင့်နှစ်သစ်ကူးကာလတွင်း ပျော်ပွဲရွှင်ပွဲများ စုရုံးကျင်းပခြင်းနှင့် ခရီးသွားလာခြင်းကြောင့် ကိုဗစ် ရောဂါပိုး ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာနိုင်မယ့် အန္တရာယ်မှ တားဆီးနိုင်ရန်အတွက် လာမယ့် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ပြည်နယ် (၃၄) ခုမှာ ဆေးဘက်ဆိုင်ရာလုပ်သားတွေနဲ့ အစိုးရအရာရှိများကို ကာကွယ်ဆေးများ ထိုးနှံပေးသွား မှာ ဖြစ်ပါတယ်။

သမ္မတဂျိုကိုဝီဒိုဒိုနှင့်သူ၏ အစိုးရအဖွဲ့တွေဟာ အစောပိုင်းက တရုတ်နိုင်ငံရဲ့ Sinovac Biotech ကာကွယ်ဆေးကို ပထမဆုံးအကြိမ် ထိုးနှံခြင်းဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကို စတင်လိမ့်မည်ဟု ကျန်းမာရေးဝန်ကြီး ဘူဒီဂွန်နဒီ ဆာဒီကင်က ပြောကြားခဲ့တာပါ။

“ကျန်းမာရေးဝန်ထမ်းများသည် ကာကွယ်ဆေးထိုးသည့်အခါ ဒေသခံအစိုးရအဖွဲ့များမှ အကြီးအကဲများ (မြို့တော်ဝန်များနှင့်  အုပ်ချုပ်ရေးမှူးများ)ကို ပြည်သူလူထုကြား ယုံကြည်မှုတည်ဆောက်ခြင်းကို အထောက်အကူပြုရန်အတွက် အောက်ခြေ လူတန်းစားတွေဆီ သွားရောက်ကြည့်ရှုပါ”ဟု မစ္စတာ ဘူဒီက ယမန်နေ့က ပြည်ထဲရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ကနဦး အဆင့်အနေနဲ့ အုပ်စု (၃) စုက ကာကွယ်ဆေးကို လက်ခံရရှိပါလိမ့်မည်။ ၎င်းတို့မှာ ဂျကာတာနှင့်ပြည်နယ်များရှိ အဆင့်မြင့်အရာရှိများ၊ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးလုပ်သားအသင်းအဖွဲ့များမှ ကော်မတီဝင်များ၊ ပြည်နယ်များရှိ ထင်ရှားတဲ့ ဆေးဘက်ဆိုင်ရာဆရာဝန်များနှင့် ဘာသာရေးခေါင်းဆောင်များ ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွင်ပါဝင်ကြောင်း မစ္စတာဘူဒီက ပြောကြားခဲ့ပါတယ်။

အခြားနိုင်ငံများနည်းတူ အင်ဒိုနီးရှားနိုင်ငံသားအချို့ဟာ ကိုရိုနာဗိုင်းရပ်စ် ပေါ်လာပြီး တစ်နှစ်မကြာသေးတဲ့အချိန်မှာ ကာကွယ်ဆေးကို အသုံးပြုဖို့ ခွင့်ပြုခဲ့တဲ့အပေါ်နှင့် ကာကွယ်ဆေးအားလုံးကို အလျင်အမြန် ထုတ်လုပ်နိုင်တဲ့အပေါ်မှာ ဆေးထိုးခံဖို့အတွက် အချို့အခြေအနေတွေကို သံသယရှိနေဆဲ ဖြစ်နေပါတယ်။

ဂျကာတာအခြေစိုက် လူထုသဘောထား ကောက်ခံမှုလုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ ဆိုင်ဖူလ် မူဂျာနီ Saiful Mujani Research and Consulting (SMRC) ကုမ္ပဏီဟာ ပြီးခဲ့သည့်လ ကျပန်းစစ်တမ်းကောက်ယူမှုတစ်ခုမှာ ဖြေဆိုသူ ၁,၂၀၂ ဦး အနက် ၄၀ ရာနှုန်းဟာ ကာကွယ်ဆေး လက်ခံထိုးနှံရန် မဆုံးဖြတ်ရသေးကြောင်း ဖြေဆိုထားပြီး (၃၇%) ကတော့ သေချာကြောင်းနှင့် ၁၇ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးကို မထိုးလိုကြောင်း ဖြေဆိုခဲ့ပါတယ်။ ကျန်တဲ့ ၆ ရာခိုင်နှုန်းကတော့ စစ်တမ်းကောက်ယူမှုကို တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

SMRC ၏ စစ်တမ်းအရ ထက်ဝက်ကျော် (သို့) ၅၆ ရာခိုင်နှုန်းဟာ အစိုးရမှ ထောက်ပံ့ပေးတဲ့ ကာကွယ်ဆေးအပေါ် ယုံကြည်မှု ရှိကြောင်း ဖော်ပြနေပါတယ်။

ကျွန်းစုတစ်လျှောက်ရှိ မြို့ကြီးတွေက အရာရှိများကတော့ တင်းကြပ်တဲ့ Lockdown စည်းကမ်းတွေနဲ့ ချုပ်ထိန်းဖို့ ခက်ခဲနေတဲ့အခြေအနေမှာ တစ်နိုင်ငံလုံးကာကွယ်ဆေးထိုးခြင်းအစီအစဉ်ဟာ  ဗိုင်းရပ်စ်ပျံ့နှံ့ခြင်းကို တားဆီးနိုင်လိမ့် မယ်လို့မျှော်လင့်နေကြပါတယ်။

လူ ဦး ရေအထူထပ်ဆုံးဖြစ်တဲ့ ဂျကာတာမြို့တော်ဟာ ခရစ္စမတ်နှင့်နှစ်သစ်ကူးကာလအပြီး ဖြစ်လာနိုင်မယ်လို့ ကြိုတင်မှန်းဆထားတဲ့ ရောဂါ ကူးစက် ပျံ့နှံမှု အခြေအနေကို ကြိုတင်ကာကွယ်ရန်အတွက် နှစ်ပတ်အတွင်း စပ်ကူးမပ်ကူး ကာလ တစ်စိတ်တစ်ဒေသ ပိတ်ဆို့မှုလို့ လူသိများသည့် ၎င်းထိန်းချုပ်မှုကို တိုးချဲ့ခဲ့သည်။ ၎င်း ပိတ်ဆို့မှုမှာ လူမှုရေးကိစ္စများအတွက် လူစုရုံးခြင်းကို လူဦးရေ ၅ ဦး ကန့်သတ်ထားခြင်းနှင့် ၅၀ ရာခိုင်နှုန်းသော စားသောက်ဆိုင် နေရာထိုင်ခင်းများကို ကန့်သတ်ခြင်းတို့ပါဝင်ပါတယ်။

မင်းဟံတလမွန်

REF – THESTRAITSTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.