မော်လမြိုင် ၊ ဇန်နဝါရီ (၅)

တရားမဝင် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်နေကြတဲ့ အလုပ်သမားများအကြား ကိုဗစ် ၁၉ ပြန့်နှံ့မှုကို စောင့်ကြည့်တဲ့ ထိုင်းအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတစ်ခုအနေဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံမှတရားမ၀င် အလုပ်သမားများကို ထိုင်းနိုင်ငံတွင်တရားဝင်အလုပ်လုပ်ခွင့်နှင့် အတူလိုက်ပါလာမည့်ကလေးများအတွက်ပါ ၂ နှစ်ကြာ နေထိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်လို့ အလုပ်သမားရေးရာဝန်ကြီးမှ ပြောပါတယ်။

အလုပ်သမားရေးရာဝန်ကြီး ဆူချက် ချွန်ကလင်မှ ပြီးခဲ့တဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်အရ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ကိုင်ခွင့် ပါမစ်ကို သက်ဆိုင်ရာအာဏာပိုင်များနှင့်အတူ ယနေ့မှစ၍ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ၀န်ကြီးဌာနရဲ့ တရားဝင်၀က်ဘ်ဆိုက်စာမျက်နှာတွင် မှတ်ပုံတင်ရန် တိုက်တွန်းခဲ့သည်။

နောက်ဆုံးဖြစ်ပေါ်နေတဲ့ Covid-19 ဗိုင်းရပ်စ်အသစ် ဖြစ်ပွား ပျံ့နှံ့မှုအရ ထိုင်းနိုင်ငံရှိရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်စေရန်အတွက်  ထိုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ဆူချက်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများကို Covid-19 စစ်ဆေးမှုတွင်ပါ၀င်ဖို့ရန် အစိုးရ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းမူဝါဒကို ပြီးခဲ့သည့်အပတ်က အစိုးရအဖွဲ့မှအတည်ပြုခဲ့ပါတယ်လို့ ဝန်ကြီးက ပြောပါတယ်။

၎င်းရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် မိမိတို့၏ အလုပ်ရှင်များကို ဝန်ကြီးဌာန၀ဘ်ဆိုဒ်တွင် တင်ပြထားတဲ့ လိုအပ်သည့် အချက်အလက်တွေနဲ့တူ မှတ်ပုံတင်ရန် တောင်းဆိုသင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

ထို့နောက် အလုပ်ရှင်များအနေဖြင့် ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာနမှ သတ်မှတ်ထားတဲ့ ဆေးရုံများတွင် Covid-19 နှင့်အခြားကူးစက်တတ်တဲ့ ရောဂါများကို ရှာဖွေစစ်ဆေးရန် ကျန်းမာရေးစစ်ဆေးမှုကို ဦးစီးလုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

ထို့အပြင် သူတို့ဟာ လူတစ်ဦးကို တစ်နှစ်လျှင် ဘတ် ၂,၀၀၀ ကုန်ကျသည့် ကျန်းမာရေး အာမခံအဖြစ် နှစ်နှစ်စာ ကျန်းမာရေးအာမခံကို ၀ယ်ယူရမှာဖြစ်ပြီး အလုပ်လုပ်ခွင့် မှတ်ပုံတင်ကြေးကိုတော့ ဘတ် ၁၉၀၀ ပေးသွင်းရမှာဖြစ်ပါတယ်။

၀န်ကြီးဌာနက မှတ်ပုံတင်လိုတဲ့ ရွှေ့ပြောင်းအလုပ်သမားများ လိုက်နာရမည့် ဖြည့်စွက် စည်းမျဉ်းစည်းကမ်းများနှင့် လိုအပ်ချက်များကို ထပ်မံကြေညာခဲ့ပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေရဲ့ကလေးတွေ နေထိုင်ခွင့်ရရှိရေးအတွက် ထိုကလေးများသည် ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင်နေတဲ့သူ ဖြစ်ရမှာဖြစ်ပြီး မှတ်ပုံတင်သည့်အချိန်တွင် အသက် ၁၈ နှစ်ထက်ကျော်လွန်တဲ့သူ မဖြစ်ရပါ။

ထို့အပြင် လက်ရှိမှာ စာရွက်စာတမ်းမရှိဘဲ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားများသည် မှတ်ပုံတင်ပြီးသည့်နောက် နှစ်နှစ်တာ နေထိုင်ခွင့်ရရှိရန်အတွက် ခုနစ်လအတွင်း အလုပ်ရှာဖွေရမှာဖြစ်ပါတယ်လို့ ကြောညာချက်တွင်ပါရှိပါတယ်။

ကလေးရှိတဲ့ အလုပ်လက်မဲ့ ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ဖေဖော်ဝါရီ ၁၃ ရက်အထိ အလုပ်အကိုင်ဌာန ၀က်ဘ်ဆိုက်တွင် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

၎င်း ရွေ့ပြောင်း အလုပ်လက်မဲ့များ အနေဖြင့် ဧပြီလ ၁၆ ရက်တွင် ကျန်းမာရေး စစ်ဆေးမှုကို ပြုလုပ်ရမှာဖြစ်ပြီး ၂ နှစ် ကျန်းမာရေးအာမခံကို တင်ပြပြီး စက်တင်ဘာ ၁၃ ရက်မတိုင်ခင်အထိ နေထိုင်ဖို့ရန်အတွက် အလုပ်ရှင်ကိုရှာရမှာ ဖြစ်ပါတယ်။

မစ္စတာ ဆူချက်မှ မှတ်ပုံတင်ထားသူများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်အထိ နေထိုင် လုပ်ကိုင်ခွင့်ပြုမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီးတော့ မှတ်ပုံတင်ရန်လျှောက်ထားသူများသည် ထိုသို့တရားမ၀င်ရောက်ရှိနေခြင်းကြောင့် မည်သည့်ပြစ်ဒဏ်မှ ခံရလိမ့်မှာ မဟုတ်ဘူးလို့ ထပ်မံပြောကြားခဲ့ပါတယ်။

မင်းဟံတလမွန်

REF – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.