မွန်ပြည်နယ်၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် ကိန်းဂဏန်းဖော်ပြချက်
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီး ယခု နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ရွေးကောက်ပွဲရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုထုတ်ပြန်နေပြီဖြစ်ပါသည်။ မွန်ပြည်နယ်၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ကိန်းဂဏန်းအချက်အလက်အချို့ကို ဖော်ပြလိုပါသည်။၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်တဝှမ်းရှိ မြို့နယ် (၁၀)မြို့နယ်တွင် မဲဆန္ဒနယ် (၄၅)နေရာသတ်မှတ်ခံခဲ့ရပြီး နိုင်ငံရေးပါတီ (၁၆)ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းစုစုပေါင်း (၂၅၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ (မှတ်ချက် – မူလက (၁၇)ပါတီဖြစ်ပြီးညီညွတ်သောဒီမိုကရက်တစ်ပါတီဖျက်သိမ်းခံခဲ့ရသဖြင့်…