ခရီးသွားဝင်ရောက်မှု (၇၀)ရာခိုင်နှုန်းထိ လျော့ကျခဲ့လို့ ခရီးသွားလုပ်ငန်းအချို့ ရပ်နားလိုက်ရ
မော်လမြိုင် ၊ ဒီဇင်ဘာ(၁၁) ကိုဗစ်ကာလ မွန်ပြည်နယ်အတွင်းကို ခရီးသွားဝင်ရောက်မှု (၇၀)ရာခိုင်နှုန်းထိ လျော့ကျခဲ့လို့ ဟိုတယ်ခရီးသွားလုပ်ငန်းအချို့ ရပ်နားလိုက်ရပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကစပြီး လေကြောင်းခရီးစဉ်တွေကို ရပ်နားလိုက်ပြီး ပြည်တွင်းမှာလည်း နယ်မြေဖြတ်ကျော် ခရီးသွားလာခွင့်ကို ကန့်သတ်မှုတွေ ရှိလာတာကြောင့် အခုလို ခရီးသွားဝင်ရောက်မှု လျော့ကျခဲ့တာ ဖြစ်ပါတယ်။ ခရီးသွားလျော့ကျလာတာနဲ့အတူ ဟိုတယ်ခရီးသွားလုပ်ငန်းတွေမှာ ဝင်ငွေနည်းလို့ ဆက်လက် လည်ပတ်ဖို့ အခက်အခဲတွေ ရင်ဆိုင်လာရပါတယ်။…