December 2020

မွန်ပြည်နယ်အတွင်းမှာ HIV ဝေဒနာရှင် (၇၀၀၀)အထိ ရှိလာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၇) ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်အထိစာရင်းအရ မွန်ပြည်နယ်အတွင်းမှာ HIV ဝေဒနာရှင် (၇၀၀၀)အထိ ရှိလာပြီးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ HIV ဝေဒနာရှင်ဟာ တစ်နှစ်ထက် တစ်နှစ် (၁၀၀၀) နီးပါး တိုးခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်အတွင်း ရောက်ရှိလာတဲ့…

UEC ကို မကျေနပ်လို့ USDP ပါတီဝန်းရံသူတွေ မွန်ပြည်နယ် (၁၀)မြို့နယ်မှာ ဆန္ဒဖော်ထုတ်မည်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၆ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို မကျေနပ်တဲ့အတွက် မွန်ပြည်နယ် မြို့နယ်အားလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝန်းရံသူတွေက ဆန္ဒဖော်ထုတ်မယ်လို့ USDP ပါတီ မွန်ပြည်နယ် အတွင်းရေးမှူးက ပြောပါတယ်။ ဆန္ဒဖော်ထုတ်ပွဲတွေကို ဒီဇင်ဘာလအတွင်းမှာ ဆက်တိုက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဝန်းရံသူတွေက…

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မဲဆွယ်အသုံးစရိတ် (၇၆)သိန်းကျော် သုံးစွဲခဲ့

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ရွေးကောက်ပွဲအသုံးစရိတ် (၇၆) သိန်းကျော် သုံးစွဲခဲ့တယ်လို့ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ဒီဇင်ဘာလ (၂)ရက်နေ့မှာ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မဲဆွယ်ကုန်ကျစရိတ်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ တင်ပြခဲ့တဲ့စာရင်းတွေအရတော့ ခရီးသွားလာစရိတ်တွေနဲ့ မဲရုံကိုယ်စားလှယ်အသုံးစရိတ်တွေ ၊ ကိုယ်စားလှယ်ပုံပါ အောင်နိုင်ရေး အကျီတွေနဲ့…

ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့တဲ့ ဗြိတိန်လူမျိုး ၆ လသား ကလေးငယ် COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆) ထိုင်းနိုင်ငံအတွင်း COVID-19 အသစ်ဖြစ်ပေါ်ကူးစက်မှုဟာ ၉ ဦးထိရှိလာခဲ့ပြီး ခြောက်လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အားလုံးက ကွာရန်တင်း ဝင်နေကြတဲ့ နိုင်ငံခြားသားများဖြစ်ပြီး ပြည်ပနိုင်ငံ ၇ နိုင်ငံမှ ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ထိုင်းအစိုးရ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရောဂါပြန့်ပွားကူးစက်ချိန်မှ ယနေ့အထိ ထိုင်းနိုင်ငံအတွင်း ကူးစက်ခံရတဲ့ လူနာပေါင်း ၄၂၄၆ ဦးခန့်ရှိပြီး သေဆုံးလူနာ…

စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံ မြန်နှုန်းမြင့် ရထားစီမံကိန်းကို ဆွေးနွေးနေ

မော်လမြိုင်၊ ဒီဇင်ဘာ (၁၅) စင်ကာပူနှင့် မလေးရှားနှစ်နိုင်ငံအကြား နှစ်ကြိမ်တိတိ နှောက်နှေးခဲ့တဲ့ မြန်နှုန်းမြင့်ရထားစီမံကိန်းကို အာဏာပိုင်များမှ နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်မည့် အခြေအနေကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆွေးနွေးနေမှာဖြစ်တယ်လို့ စင်ကာပူ ပို့ဆောင်ဆက်သွယ်ရေး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ဝန်ကြီးဌာနရဲ့ မလေးရှားနိုင်ငံထုတ်သတင်းမီဒီယာတစ်ခုသို့ တနင်္ဂနွေနေ့ တုံ့ပြန်ချက်အရ မလေးရှား နိုင်ငံအနေဖြင့် ထိုစီမံကိန်းကို စင်ကာပူနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမပါပဲ…

ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျခဲ့တဲ့ သထုံမြို့မှာ စျေးတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပေး

မော်လမြိုင်၊ ဒီဇင်ဘာ ၁၅ ကိုဗစ်-၁၉ ကူးစက်မှုလျော့ကျခဲ့တဲ့ သထုံမြို့နယ်အတွင်းက သုဝဏ္ဏဈေး နှင့် မြို့မဈေးကို ကျန်းမာရေးညွှန်ကြားချက်တွေနှင့် အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ပြီးလို့ မွန်ပြည်နယ်စည်ပင်သာယာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ သထုံမြို့မစျေးကနေတစ်ဆင့် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တွေ့ရှိခဲ့တာကြောင့် စျေးတွေကို ပိတ်သိမ်းခဲ့တာပါ။ အခုအခါမှာတော့ ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျလာတာနဲ့အတူ…

မွန်မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၁၀)ဦး အထိရှိလာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၅) မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၁၀) ဦး ရှိလာပြီးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဇင်ဘာလ (၁၄ )ရက်နေ့ ညပိုင်းစာရင်းတွေအရ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ( ၁၈၀၀)ကျော်ရှိပြီး ဖြစ်ပါတယ်။ နိုဝင်ဘာလကစပြီး ဒီဇင်ဘာလလယ်ပိုင်းအထိ မော်လမြိုင် ၊ ကျိုက်ထိုနဲ့…

နိုင်ငံတကာခရီးသွားများ လာရောက်လည်ပတ်မှုကို လက်ခံနိုင်ရန် ဘာလီကျွန်းစုအဆင်သင့်ဖြစ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၄) ကမ္ဘာ့ခရီးသွားလုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ UN WTO က ခရစ္စမတ်ကာလမတိုင်ခင်မှာ နိုင်ငံတကာခရီးသွားဧည့်သည်တွေကို ကြိုဆိုဧည့်ခံနိုင်ဖို့အတွက် ကမ္ဘာ့အကြီးဆုံးအပန်းဖြေစခန်းတစ်ခု ဖြစ်တဲ့ ဘာလီကျွန်းစုဟာ အဆင်သင့်ဖြစ်နေပါပြီးလို့ ထုတ်ပြန်လိုက်ပါတယ်။ ဘာလီကျွန်း ကွင်းဆင်းဆန်းစစ်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ UN WTO အာရှနှင့်ပစိဖိတ် ဒါရိုက် တာ ဟယ်ရီဟွန် က အင်ဒိုနီးရှားအစိုးရကနေ တီထွင်ဆောင်ရွက်ထားတဲ့ ကျန်းမာရေးနှင့်…

မွန်မှာ မဲဆွယ်ကုန်ကျစရိတ် မတင်တဲ့ ကိုယ်စားလှယ်လောင်း (၆)ဦး ရှိ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၄) မွန်ပြည်နယ်အတွင်းမှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၆) ဦး ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေက ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ မွန်ပြည်နယ်အတွင်းမှာ ကိုယ်စားလှယ်လောင်း (၂၅၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အာ့ဒီအထဲက သထုံခရိုင်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၄)ဦးနဲ့ မော်လမြိုင်ခရိုင်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း…

ရက်ပိုင်းအတွင်း နေအိမ် (၁၃၀) နီးပါးကို (၁၄)ရက် အသွားအလာကန့်သတ်ထား

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၄) ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ အိမ်ခြေ ၁၃၀ နီးပါးကို နေအိမ်တွေမှာ ၁၄ ရက် အသွားအလာကန့်သတ်ထားတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ နိုဝင်ဘာလအတွင်းကစပြီး အနံ့မရတော့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ရာနဲ့ချီ တွေ့ရှိခဲ့တာပါ။ အခုလို ကိုဗစ်-၁၉ ကူးစက်ခံရမှု ဆက်တိုက်မြင့်တက်လာပြီးနောက် အတည်ပြု…