မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄)

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် တောင်ကိုရီးယားမှ ဆောက်လုပ်တဲ့ အဆောက်အဦးများကို ဖြိုဖျက်ရန် အမိန့်ထုတ်ပြန်ပြီး တစ်နှစ်အကြာမှာ အထင်ကရ ခရီးသွားနေရာတစ်ခုဖြစ်တဲ့ Kumgang တောင်ကို နိုင်ငံတကာ ဧည့်သည်များအပန်းဖြေရာနေရာအဖြစ် ပြန်လည်ဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့ ပြုံယမ်းအစိုးရက စီစဥ်နေတာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၂၀ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားပါတယ်။

နှစ်ဖက် ကိုရီးယားလူမျိုးတို့ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထင်ရှားတဲ့သင်္ကေတတစ်ခုဖြစ်ခဲ့ဖူးတဲ့ အဆိုပါ အပန်းဖြေနေရာက မြောက်ဘက်ရဲ့ သာယာလှပတဲ့တောင်တန်းတွေပေါ်မှာ တည်ရှိပြီး တောင်ကိုရီးယားရဲ့ ဟွန်ဒိုင်းအေဆန်မှ တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ တောင်ဘက်ဒေသမှ လာရောက်ခဲ့ကြတဲ့ ထောင်ပေါင်းများစွာတဲ့ ခရီးသွားဧည့်သည် တွေကို ဆွဲဆောင်ထားနိုင်ခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်းက မစ္စတာကင်မ်အနေဖြင့် တောင်ပိုင်းဒေသနှင့်အတူတကွ ပူးပေါင်းလုပ်ဆောင်တဲ့ ဖွံ့ဖြိုးရေးကို မျက်စိစပါးမွှေးစူးနေခဲ့တာဖြစ်ပြီး အဆိုပါအဆောက်အဦးများကို ဟောင်းနွမ်းစုတ်ပြတ်တဲ့နေရာတစ်ခုအဖြစ် ပြစ်တင်ရှုတ် ချခဲ့ပြီး  သဘာဝဘေးဒဏ်သင့်ရပ်ကွက် သို့မဟုတ် ဒေသများတွင် ဆောက်လုပ်ထားသော ယာယီတဲတွေနဲ့ သဏ္ဍာန်တူ ကြောင်း ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။

တနင်္ဂနွေနေ့က မစ္စတာ ကင်မ်တွန်ဟန်ရဲ့ အဆိုပါဧရိယာသို့ အလည်အပတ်ရောက်ရှိစဥ်မှာတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခရီးသွားဧည့်သည်ဧရိယာအဖြစ်တည်ဆောက်သွားမှာဖြစ်သလို တစ်ကမ္ဘာလုံးက အားကျရတဲ့ ယဥ်ကျေးမှုဆိုင်ရာ အပန်းဖြေ နေရာအဖြစ် ပြောင်းလဲသွားမှာဖြစ်တယ်လို့ Korean Central News Agency ကို ပြောကြားခဲ့ပါတယ်။

“ခေတ်မီပြီး အားလုံးအကျုံးဝင်တဲ့ နိုင်ငံတကာ ခရီးသွားအပန်းဖြေရာနေရာအဖြစ်” အဆိုပါဧရိယာကို ပြောင်းလဲသွားမယ်လို့လည်း ဖြည့်စွက်ခဲ့ပါသေးတယ်။ 

ကမ်ဂန်တောင် Complex သည် နှစ်ဖက် ကိုရီးယားလူမျိုးတို့ရဲ့ အကြီးမားဆုံးစီမံကိန်းနှစ်ခုအနက် တစ်ခုဖြစ်ပြီး နောက်စီမံကိန်း တစ်ခုသည် အခုအချိန်မှာ လည်ပတ်မှုပြတ်တောက်နေသော ကဲအီဆွန်စက်မှုဇုန် ဖြစ်ပြီး တောင်ကိုရီးယားကုမ္ပဏီများက ပြုံးယမ်းအစိုးရကို ယင်းတို့ရဲ့ ဝန်ဆောင်မှုများအတွက် အခကြေးငွေပေး နေရစဥ်အတွင်းမှာပဲ မြောက်ကိုးရီးယားများကို အလုပ်ခန့်အပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်အတွင်း သတ်မှတ်ခွင့်ပြုထားသည့် လမ်းကြောင်းမှ လွဲချော်ခဲ့တဲ့ တောင်ပိုင်းခရီးသွား ဧည့်သည် တစ်ယောက်ကို မြောက်ကိုးရီယားစစ်သားက ပစ်ခတ်ဖမ်းဆီးမှုဖြင့် အသက်သေဆုံးစေခဲ့တဲ့ ဖြစ်စဥ်နောက်ပိုင်းမှာတော့ ဆိုးလ်မြို့အစိုးရသည် ထိုအစီအစဥ်ကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပါတယ်။

ပြုံယမ်းနှင့် ဆက်ဆံရေးကို တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ကာလကြာရှည်စွာ အောင်မြင်ထားနိုင်ပေမယ့် နျူကလီးယားနှင့် ပဲ့ထိန်းဒုံးလက်နက်အစီအစဥ်များကြောင့် နိုင်ငံတကာမှ ပြုံယမ်းအပေါ်ထားရှိခဲ့တဲ့ ပိတ်ဆို့လျှက်ရှိတဲ့ မြောက်ကိုးရီးယားအစိုးရသည် အကျိုးအမြတ်များတဲ့ ခရီးသွားလာခြင်းဆိုင်ရာ လုပ်ငန်းများကို နဂိုအတိုင်း ပြန်လည် ဆောင်ရွက်နေလိုတာဖြစ်ပါတယ်။

ဇွန်လအတွင်းမှာတော့ ဆိုးလ်မြို့အစိုးရက မတည်ပြီး မြောက်ကိုရီးယားမှ သဘောတူကာ တောင်-မြောက် နယ်စပ်ရှိ ဆက်ဆံရေးရုံးကို ဖွင့်လှစ်နိုင်ခဲ့သော်လည်း ဆွေးနွေးပွဲများအတွက် စိတ်ဝင်စားခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဆိုးလ်မြို့အခြေစိုက် Ewha တက္ကသိုလ်မှ ပါမောက္ခ Leif-Eric Easley ရဲ့ပြောကြားအရ “ကင်မ်အုပ်ချုပ်မှုနည်းစနစ်က ကမ်ဂန် တောင်ကို ပြန်လည်ဖွံ့ဖြိုးအောင် လုပ်ဖို့ အရင်းအမြစ်တွေကို ရှာဖွေပြီး ပြင်ပရင်းနှီးမြှုပ်နှံမှုတွေကို လိုအပ်နေခြင်းနှင့်အတူ သူဟာ ရုန်းကန်ပါလိမ့်မယ်။ ဒါပေမယ့် ဒါက တောင်ကိုရီးယားမိတ်ဖက်နဲ့ အခြားသောပါဝင်ပတ်သက်သူအားလုံးကို အဆင့်လျှော့ချမှာဖြစ်တယ်လို့ အချက်ပြနေတာပါပဲ” လို့ပြောကြားထားပါတယ်။

“ဖြစ်နိုင်ချေအန္တရာယ်တစ်ရပ်မှာ ထိတွေ့ဆက်ဆံမှုကိုဆောင်ရွက်နေတဲ့ ဆိုးလ်မြို့ရဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပြီး ကင်မ်က မွန်းရဲ့ အုပ်ချုပ်ရေးကို မြောက်ပိုင်းဒေသအတွက် ဘဏ္ဍာရေးအကျိုးအမြတ်တွေ ရရှိမယ့် နည်းလမ်းများ ရှာဖွေရေးမှာ ဖိအားပေးနေပါတယ်”လို့ အဆိုပါ ပါမောက္ခက ပြောကြားခဲ့ပါတယ်။

အောင်မျိုးမြတ်

REF- THESTRAITSTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.