မော်လမြိုင်၊ ဒီဇင်ဘာ ၂၂

ကိုဗစ်ကာလ မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းတွေအတွက် စနစ်ကျတဲ့ မူဝဒါတစ်ခု ဖော်​ဆောင်ပေးဖို့ လိုအပ်တယ်လို့ မွန်ပြည်နယ် ယာဥ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ပြောဆိုလိုက်ပါတယ်။

မွန်ပြည်နယ်အတွင်း ယာဉ်လိုင်းတွေကိုတော့ အခြားတိုင်းနဲ့ပြည်နယ်တွေကို ကုန်တင်ပို့ဆောင်ခွင့် ပေးထားပေးမယ့် ခရီးသည် တင်ဆောင်ခွင့်ကိုတော့ တားမြစ်ထားပါတယ်။

ဒါပေမယ့် ယာဉ်လိုင်းအချို့ဟာ ကုန်တွေနဲ့အတူ ခရီးသည်တွေကိုလည်း တင်ဆောင်လာပြီး ရောဂါပိုး ရှိမရှိ စစ်ဆေးတာတွေကိုလည်း စနစ်တကျ မလုပ်ဆောင်ခဲ့ဘူးလို့ ဆိုပါတယ်။

အချို့ခရီးသွားတွေကတော့ ရန်ကုန်ကနေ နေအိမ်အရောက် taxi တွေကို ဌားရမ်းခဲ့ပြီး ကျန်းမာရေး စစ်းဆေးတာနဲ့ ပတ်သက်ပြီး တိတိကျကျ ဆောင်ရွက်ခဲ့တာတွေ မရှိတာကိုတွေ့ရတယ်လို့ မွန်ပြည်နယ် ယာဥ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောပါတယ်။

“ စစ်ဆေးတာ ဘယ်လို စစ်လဲ ဓာတ်ခွဲနမူနာယူတာ ဘယ်လိုယူလဲ သူတို့ကို မေးတဲ့အခါ မသိနေဘူး ။ ပြောတာတွေက တလွဲတွေဖြစ်နေတယ်။ သေချာတဲ့ ခရီးသွားလာမှုပုံစံကို ဆောင်ရွက်ဖို့လိုတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် တနသ်ာရီမှ ရန်ကုန်သို့ သွားမယ့် ယာဉ်လိုင်းတွေမှာလည်း ခရီးသည်တွေကို တင်ဆောင်လာပြီး မော်လမြိုင်ကားဝင်းမှာ တရားမဝင် ချပေးတာတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

အာ့ဒီလို ဝင်ရောက်လာတဲ့ ခရီးသည်အချို့ဟာ positive ဖြစ်နေတာကို တွေ့ရပြီး ပို့ပြီး ပြန်သွားတဲ့ ကားသမားတွေကိုတော့ contact မလိုက်နိုင်ခဲ့ဘူးလို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့က ကိုဇင်မိုးက ပြောပါတယ်။

“ရန်ကုန်ကပြန်လာမယ့် ခရီးသွားတွေကို ပွဲစားတွေက ခေါ်လာတာလည်းရှိတယ်။ စစ်တောင်းတံတားထိပ်ကနေဖြတ်ပြီး မွန်ပြည်နယ်ထဲအထိ ဝင်ပို့သွားတာရှိတယ်။ သူတို့ပို့တဲ့လူတွေက Positive ဖြစ်နေကြတယ်။ ကားသမားတွေက လွတ်နေတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုဟာ ဆက်တိုက်မြင့်တက်ခဲ့ပြီး လက်ရှိအချိန်ထိ ကူးစက်ခံရသူ (၂၀၀၀)ကျော်ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.