မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂)

ယူကေနိုင်ငံအနေဖြင့် “ထိန်းချုပ်မှုရဲ့ ပြင်ပရောက်ရှိနေပြီး”လို့ ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင်က ပြောကြားခဲ့ကာ တနင်္လာနေ့က သူကိုယ်တိုင် ဦးဆောင်ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ရပ်က ကိုရိုနာဗိုင်းရပ်စ်ဗီဇကူးစက်မှု မြင့်မားနေလျှက်ရှိတာကြောင့် ပြင်သစ်နိုင်ငံ၊ အာဂျစ်တီနားနိုင်ငံနှင့် နိုင်ငံအများအပြားမှ ဗြိတိန်နိုင်ငံသို့ ဝင်ရောက်မယ့် လေကြောင်းခရီးစဥ် ပိတ်ပင်တားမြစ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ကြောင့် သေဆုံးမှုနှုန်း လူဦးရေ ၅၀၀,၀၀၀ အထိရှိခဲ့တဲ့ ဥရောပတစ်ဝိုက်ကို ပိုမိုအားကောင်းတဲ့ထိန်းချုပ်မှုအတိုင်းအတာများကို အကောင်အထည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

သို့သော်လည်း အမေရိကန်လွှတ်တော်အနေဖြင့် အတ္တလန္တာ တစ်ဝိုက်မှာ ရုန်းကန်နေရတဲ့ အမေရိကန်တွေအတွက် ထောက်ပံ့ကြေးငွေ ဒေါ်လီ ဘီလီယမ် ၉၀၀ ထိ ပံ့ပိုးပေးသွားမယ့် ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးမှု အစီအစဥ် တစ်ရပ်ကို သဘောတူညီချက်ရရှိသည်မှာ အပြုသဘောဆောင်တဲ့ သတင်းများဖြစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဂျွန်ဆင်က လန်ဒန်မြို့မှာ COBR အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး ဗြိတိန်နိုင်ငံတွင်း/နိုင်ငံပ ဆိုက်ရောက်/ထွက်ခွာမယ့် နိုင်ငံတကာခရီးသွားလာခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါဇင်နဲ့ ချီတဲ့ ဥရောပနိုင်ငံများနှင့် ဗြိတိန်နိုင်ငံမှထွက်ခွာကြမယ့် သူများရဲ့ ခရီးသွားလာခွင့်များကို ပိတ်ပင်ထားခဲ့တာဖြစ်ပြီး ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့လို့ မျှော်လင့်ရတယ်လို့ ဖော်ပြထားပါတယ်။

WHO ရဲ့ပြောရေးဆိုခွင့်ရှိသူက “ဥရောပတစ်လျှာက်ဖြစ်ပွားနေတဲ့ ကူးစက်မှုဟာ ပြင်းထန်ပြီးတော့ ပျံ့နှံ့လွယ်တာ ကြောင့် နိုင်ငံများဟာ သူတို့ရဲ့ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဥ်တွေကို နှစ်ဆလုပ်ဆောင်ဖို့ လိုအပ်တယ်” လို့ ပြောကြားထားပါတယ်။

တနင်္ဂနွေနေ့ နှောင်ပိုင်းမှာ အမေရိကန်ရှိပြည်နယ်များနှင့် ကနေဒါ၊ ချီလီ၊ အာဂျင်တီနားနိုင်ငံတို့မှာ အင်္ဂလန်နိုင်ငံမှ ရောက်ရှိလာမယ့် လေကြောင်းခရီးစဥ်များကိုလည်း ပိတ်ပင်ထားခဲ့ပါတယ်။

ဝန်ကြီးချုပ် Johnson ရဲ့ ပြောကြားချက်အရ ဗိုင်းရပ်စ်ဗီဇသစ်ဖြစ်ပေါ်ကူးစက်မှုများက အင်္ဂလန်နိုင်ငံရဲ့  နေရာ အတော်တော်များများကို ခရစ္စမတ်ကာလတစ်လျှောက် အသွားအလာကန့်သတ်ထားမှု ဆောင်ရွက်နိုင်ရန် သူ့ကို တွန်အားပေးခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံမှ စတင်ပြန့်ပွားကူးစက်လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာနှင့် အဝှမ်းရှိ လူဦးရေ ၁.၆၈ ဘီလိယမ်ကျော်ကျော်ကို အသက်တိမ်းပါးစေခဲ့ပြီး ဖြစ်တယ်လို့ AFP သတင်းဌာန တရားဝင် ထုတ်ပြန်တဲ့ တာလီစာရင်းများအရ သိရှိရပါတယ်။

အောင်မျိုးမြတ်

REF – BANGKOK POST

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.