မော်လမြိုင် ၊ ဒီဇင်ဘာ (၂၁)
ပြီးခဲ့တဲ့ စနေနေ့အတွင်း လူဦးရေ ၅၀၀ ထက်မနည်း COVID-19 ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာ ထိုင်းနိုင်ငံဆမွတ်ဆာခွန်ဒေသကို ည ၁၀ နာရီမှ မနက် ၅ နာရီ အထိ အသွားအလာကန့်သတ်ထားတဲ့ ကာဖြူးလ်အမိန့်တစ်ရပ်ကို ဇန်နဝါရီလ ၃ ရက်နေ့အထိ ထုတ်ပြန်လိုက်တာပါ။ အဆိုပါဒေသအတွင်းရှိ နေထိုင်သူများကိုလည်း ဒေသပြင်ပ ထွက်ခွာခြင်းကိုလည်း တားမြစ်ထားခဲ့ပါတယ်။
ရောဂါထိန်းချုပ်ရေးဌာနရဲ့ အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ အိုပက်စ် ကာန်ကော်အင်ပွန် က အစောပိုင်းနေ့တွေမှာ ပြည်တွင်းကူးစက်မှု ၁၂ ဦးအထိရှိခဲ့တယ်လို့ အစီရင်ခံခဲ့ပြီးနောက်ပိုင်းမှာ ဒေသအတွင်းနေထိုင်သူဦးရေ ၁၁၉၂ ဦးကို စစ်ဆေးခဲ့ရာမှ ၅၄၈ ဦးအထိ ကူးစက်ခံထား ရတယ်လို့ ပြောဆိုထားပါတယ်။ ထိုကဲ့သို့ ကူးစက်ခံရသူများအများစုကလည်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားများဖြစ်ကြတယ်လို့ ပြောဆိုထားပါတယ်။
“လူတွေကိုစစ်ဆေးစမ်းသပ်ကြည့်ရာမှာတော့ ရောဂါကူးစက်မှုနှုန်းက ၄၃ ရာခိုင်နှုန်းအထိရှိခဲ့တာဖြစ်ပြီး သူတို့အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဘာရောဂါလက္ခဏာမှ မပြပါဘူး”လို့ စနေနေ့က အဆိုပါ ဆရာဝန်က ပြောကြားခဲ့တာပါ။
“အဲ့ဒီ ပုဇွန်ရောင်းတဲ့ဈေးနားတဝိုက်မှာ လူဦးရေထူထပ်တဲ့ နိုင်ငံခြားသား အစုအဝေးတွေမှာလည်း ရောဂါ ကူးစက်မှုတွေက ပိုပြီးတော့ ဖြစ်ပေါ်လာနိုင်ချေရှိနိုင်သလို သူတို့တွေက အလုပ် လုပ်နိုင်တဲ့အရွယ်တွေ ဖြစ်နေတာရယ်၊ ကျန်းမာရေးကောင်းမွန်နေတာရယ်ကြောင့် ကူးစက်နိုင်ချေက နည်းပါးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အဆိုပါဧရိယာကို ကန့်သတ်လိုက်ပြီးကတည်ကစပြီး လူနာတွေ ကို ကိုင်တွယ်နိုင်ခဲ့ပါပြီးလိုလည်းပြောဆိုထားပါတယ်။
ဒေါက်တာ အိုပက်စ် အနေနဲ့ ဆမွတ်ဆာခွန်မှာနေထိုင်သူများကို အခြားသော ဒေသများသို့သွားရောက် ခြင်းကိုလည်း ရှောင်ကျဥ်ကြဖို့ တိုက်တွန်း နှိုးဆောင်ထားပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီးတော့ အဆိုပါပုဇွန်ဈေးကို သွားရောက်ခဲ့ကြသူ မည်သူမဆို ၁၄ ရက်ခန့် သီးသန့်ခွဲခြားနေထိုင်ဖို့ကိုလည်း အကြံပြုထားပါတယ်။
“အကယ်လို့ သူတို့တွေမှာ ဖျားနာခြင်း၊ ချောင်းဆိုခြင်း၊ လည်ချောင်းနာခြင်းနှင့် အနံ့ပျောက်ခြင်းတွေ ရှိခဲ့မယ်ဆိုလျှင် ဆေးကုသမှုကို အလျင်အမြန်တောင်းခံသင့်ပါတယ်”လို့ အဆိုပါဒေါက်တာက ပြောဆိုလိုက်ပါတယ်။
ဘန်ကောက်မြို့ရဲ့ အနောက်ဘက်မှာတည်ရှိတဲ့ ပင်လယ်စာထုတ်လုပ်ရောင်းချတဲ့ အဆိုပါဈေးက ယခု သီတင်းပတ်မတိုင်ခင် ရက်ပေါင်း ၂၅၀ အထိ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ခဲ့တာဖြစ်ပါတယ်။
ဆာမွတ်ဆာခွန်ဒေသအုပ်ချုပ်ရေးမှူး ဝီရာဆက် က နောက်ဆုံးရဖြစ်ပေါ်ကူးစက်မှုတွေက မျှော်လင့် ထားတာထက်ကို ကျော်လွန်နေတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် (ကလာန်ကု) ပုဇွန်ဈေးရုံနှင့် ဆက်စပ်အဆောက်အဦးများကို ကန့်သတ်ထားမှာဖြစ်ပြီး ကိုဗစ်အသိပေးမှုသည်လည်း ဇန်နဝါရီလ ၃ ရက်နေ့အထိ တည်ရှိနေမယ်လို့ အဆိုပါအုပ်ချုပ်ရေးမှူးက ပြောဆိုထားပါတယ်။
ဆာမွတ်ဆာခွန်ဒေသအတွင်းရှိ အခြားသော နေရာများဖြစ်ကြတဲ့ ဖျော်ဖြေရေးနေရာတွေ၊ အားကစားရုံ တွေ၊ လက်ဝှေ့ရုံတွေ၊ ကျောင်းတွေနှင့် ဈေးဝယ်စင်တာတွေ၊ ရုပ်ရှင်ရုံတွေကို ယာယီအားဖြင့် ပိတ်ထားမှာ ဖြစ်သလို စားသောက်ဆိုင်တွေမှလည်း အစားအသောက်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့် ပြုသွားမှာဖြစ်ပါတယ်။ 24 နာရီဖွင့်လှစ်တဲ့ Convenience စတိုးတွေကိုတော့ ည ၁၀ နာရီ မှ မနက် ၅ နာရီ အထိ ပိတ်ထားရမှာဖြစ်တယ်လို့ ယခုထုတ်ပြန်တဲ့ အမိန့်ကြေငြာချက်မှာပါရှိပါတယ်။
COVID-19 ရောဂါအခြေအနေ ထိန်းချုပ်ရေးစင်တာ ပြောရေးဆိုခွင့်ရှိသူရဲ့ ကူးစက်မှုဖြစ်စဥ် ၅၀၀ ကျော်သို့ ခုန်တက်လာချိန်မတိုင်ခင်အထိ ပြောဆိုချက်အတွင်းမှာတော့ အသွားအလာကန့်သတ်မှု (Lockdown) ကို ယခုအချိန်အထိ ဆောင်ရွက်ဖို့ လိုအပ်မှာမဟုတ်သလို အကယ်၍ ကူးစက်မှုဖြစ်စဥ်က မြင့်တက်လာမယ်ဆိုရင်တော့ ဆောင်ရွက်မှုအဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ပါရှိ ပါတယ်။
ဒေါက်တာ တာဝီစလစ်က “တနင်္ဂနွေနေ့ သို့မဟုတ် နောက်ရက်တွေမှာ ကူးစက်မှုက ကျဆင်းသွားဖို့ မရှိဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ အတိုင်းအတာဆောင်ရွက်ချက်တွေကို ပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်ရာကနေ ပိုမိုပြင်းထန်စွာ ကိုင်တွယ်ဖို့ ဖြစ်လာမယ်လို့ ပြောဆိုထားပါတယ်။
အောင်မျိုးမြတ်
REF – THESTRAITSTIMES