December 21, 2020

ကိုဗစ်ကူးစက်မှု မြင့်တက်ခဲ့တဲ့ ထိုင်းနိုင်ငံ ဆမွတ်ဆာခွန် ဒေသကို အသွားအလာကန့်သတ်ထား

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၁) ပြီးခဲ့တဲ့ စနေနေ့အတွင်း လူဦးရေ ၅၀၀ ထက်မနည်း COVID-19 ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာ ထိုင်းနိုင်ငံဆမွတ်ဆာခွန်ဒေသကို ည ၁၀ နာရီမှ မနက် ၅ နာရီ အထိ အသွားအလာကန့်သတ်ထားတဲ့ ကာဖြူးလ်အမိန့်တစ်ရပ်ကို ဇန်နဝါရီလ ၃ ရက်နေ့အထိ ထုတ်ပြန်လိုက်တာပါ။ အဆိုပါဒေသအတွင်းရှိ နေထိုင်သူများကိုလည်း ဒေသပြင်ပ ထွက်ခွာခြင်းကိုလည်း…

မွန်က တောင်သူများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်းပေါင်း (၁၂၃၀၀)ကျော် ထုတ်ချေး

မော်လမြိုင်၊ ဒီဇင်ဘာ (၂၁) မွန်ပြည်နယ်အတွင်းက တောင်သူလယ်သမားတွေအတွက် ကိုဗစ်ကာလ အထူးချေးငွေ ကျပ်သန်း (၁၂၃၀၀)ကျော်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးခဲ့ပါတယ်။ ယခုနှစ်မှာတော့ မိုးစပါးစိုက်ပျိုးရာမှာ ရာသီဥတုကောင်းမွန်တာကြောင့် အထိခိုက်နည်းပြီး စပါးအထွက်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလ စီးပွားရေး အခက်အခဲတွေကြောင့် လယ်သမားတစ်ချို့မှာ စပါးစျေးကောင်းမရလို့ စိုက်ပျိုးစရိတ်အတွက် အခက်အခဲတွေ ရှိနေပါတယ်။ ဒါကြောင့် တောင်သူတွေကို ပံ့ပိုးပေးတဲ့အနေနဲ့ ပုံမှန်ချေးငွေအပြင် ကိုဗစ်အထူး…

မွန်လူငယ်များနေ့ အခမ်းအနားကို အကျဉ်းချုံ့ ကျင်းပမည်

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၁) ဒီဇင်ဘာလ(၂၈)ရက်နေ့မှာ ကျရောက်မယ့် (၉)ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို ရေးမြို့နယ်မှာ အကျဉ်းချုံ့ ကျင်းပသွားမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ အခုနှစ် မွန်လူငယ်များနေ့ အခမ်းအနားကိုတော့ “မွန်လူငယ်တွေ မွန်နိုင်ငံရေးမှာ ပူးပေါင်းပါဝင်လာကြဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့ ကျင်းပရမှာဖြစ်တာကြောင့် ဘင်ခရာတွေ ၊ စစ်ရေးပြ တွေနဲ့…