မော်လမြိုင် ၊ ဒီဇင်ဘာ (၁၈)

ပြီးခဲ့တဲ့ အင်္ဂါနေ့က အလက်စကာမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် Pfizer ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပြီးတဲ့နောက် ပြင်းထန်တဲ့ ဓါတ်မတည့်မှု လက္ခဏာတစ်ခုဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် စောင့်ကြည့်စစ်ဆေးမှု ခံယူခဲ့ရပါတယ်။

လူလတ်ပိုင်းအရွယ်ရှိ ထိုကျန်းမာရေးဝန်ထမ်း အမျိုးသမီးဟာ ယခင်က ဓာတ်မတည့်တာမျိုးနှင့် ပတ်သက်ပြီး ဖြစ်ပွားတဲ့ သမိုင်းကြောင်း မရှိခဲ့ပါ။

သို့သော် အလက်စကာပြည်နယ်၊ ဘားလက်ဒေသ ဇွန်နာမှာရှိတဲ့ ဆေးရုံမှာ ကာကွယ်ဆေးထိုးပြီးနောက် ၁၀ မိနစ်အကြာတွင် (anaphylactic) အန်နာဖလက်တစ် လို့ခေါ်တဲ့ တုံ့ပြန်မှု လက္ခဏာ ဖြစ်ပေါ်ခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့ပါတယ်။ ၎င်းတုံ့ပြန်မှု လက္ခဏာမှာ မျက်နှာနီမြန်းလာခြင်း နှင့်အသက်ရှူကျပ်ခြင်းတို့ ပါဝင်ပါတယ်။

ယခုနှစ်အကုန်ပိုင်းမှာ သန်းနှင့်ချီတဲ့ အမေရိကန်တွေဟာ ကာကွယ်ဆေးထိုးဖို့ရန် မျှော်လင့်ထားကြပြီး ၎င်းအဖြစ်အပျက်ဟာ ဖက်ဒရယ်အရာရှိများကို ဘေးထွက်ဆိုးကျိုးတွေရှိတဲ့ လက္ခဏာတွေအတွက် ပို၍ အလေးအနက်ထား စောင့်ကြည့်ဖို့ နှိုးဆော်နေသဖွယ်ဖြစ်နေတာပါ။

အလက်စကာက အဲဒီအမျိုးသမီးရဲ့ တုံ့ပြန်မှု လက္ခဏာဟာ ပြီးခဲ့သည့်အပတ်က ဗြိတိန်နိုင်ငံရှိ ကျန်းမာရေးဝန်ထမ်း ၂ ဦး ကြုံတွေ့ခဲ့သည့် Pfizer-BioNTech ကာကွယ်ဆေးထိုးနှံပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ အန်နာဖလက်တစ် (anaphylactic) လို့ခေါ်တဲ့ တုံ့ပြန်မှု လက္ခဏာနှင့်ဆင်တူနေတာပါ။ ယခုအချိန်မှာတော့ သူတို့နှစ်ဦးစလုံး ကပြန်လည်သက်သာလာပြီ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၄၀,၀၀၀ ကျော်ပါဝင်တဲ့ Pfizer ရဲ့ ကာကွယ်ဆေး စမ်းသပ်ထိုးနှံစဉ်တုန်းက ကာကွယ်ဆေးကြောင့်ဖြစ်ပေါ်တဲ့ ဆိုးရွားတဲ့ ဆိုးကျိုးများမတွေ့ရသော်လည်း ၎င်းထဲမှ များစွာလူတွေမှာတော့ နာကျင်ခြင်း၊ ဖျားခြင်းနှင့် အခြားဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ခဲ့ရတာရှိပါတယ်။

ထိုပြင်းထန်တဲ့ ဓါတ်မတည့်မှု တုံ့ပြန်ကလ္ခဏာတွေဟာ ပုံမှန်အားဖြင့် ကာကွယ်ဆေးရဲ့ အချိန်ကိုက် အခြေအနေနှင့် ဆက်နွယ်နေတာပါ။

Pfizer ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jerica Pitts က ကုမ္ပဏီအနေဖြင့် ရောဂါဖြစ်ပွားမှုအခြေအနေ အသေးစိတ်ကို မသိရှိရသေးသော်လည်း ဒေသခံ ကျန်းမာရေး အာဏာပိုင်များနှင့် လက်တွဲဆောင်ရွက်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေးသည် အချို့သော အန်နာဖလက်တစ် (anaphylactic) လို့ခေါ်တဲ့ တုန့်ပြန်မှု လက္ခဏာ အဖြစ်အပျက်တွေမှာ ဆေးကုသမှုခံယူသင့်ကြောင်း ဆိုတဲ့ သတိပေးအချက်အလက်တွေလည်း ပါရှိပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက်တွင် ၎င်းဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေနဲ့ ပတ်သက်သော အစီရင်ခံစာများကို ကျွန်ုပ်တို့ အနေဖြင့် အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီး လိုအပ်ပါက တံဆိပ်ကပ်ခြင်း နှင့် ဘာသာစကားကို အဆင့်မြှင့်တင်သွားမှာ ဖြစ်ကြောင်းကိုလည်း Pitts က ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုရဲ့ ဖက်ဒရယ်စည်းမျဉ်းစည်းကမ်းတွေအရ အသက် ၁၆ နှစ်နှင့်အထက် လူရွယ်တွေကို သောကြာနေ့မှာ ကာကွယ်ဆေးအတွက် ခွင့်ပြုချက်ထုတ်ပေးမှာ ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံသည့်အခါ “ ပြင်းထန်တဲ့ ဓါတ်မတည့်မှု တုံ့ပြန်မှုသမိုင်းကြောင်း” ရှိသူ မည်သူ့ကိုမဆို ကာကွယ်ဆေးမထိုးရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို သတိပေးထားခဲ့ပါ တယ်။

မင်းဟံတလမွန်

REF – THESTRAITSTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.