December 18, 2020

အလက်စကာရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦး ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ပြင်းထန်တဲ့ ဓါတ်မတည့်မှုဖြစ်

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၈) ပြီးခဲ့တဲ့ အင်္ဂါနေ့က အလက်စကာမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် Pfizer ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပြီးတဲ့နောက် ပြင်းထန်တဲ့ ဓါတ်မတည့်မှု လက္ခဏာတစ်ခုဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် စောင့်ကြည့်စစ်ဆေးမှု ခံယူခဲ့ရပါတယ်။ လူလတ်ပိုင်းအရွယ်ရှိ ထိုကျန်းမာရေးဝန်ထမ်း အမျိုးသမီးဟာ ယခင်က ဓာတ်မတည့်တာမျိုးနှင့် ပတ်သက်ပြီး ဖြစ်ပွားတဲ့ သမိုင်းကြောင်း မရှိခဲ့ပါ။ သို့သော် အလက်စကာပြည်နယ်၊…

ကိုဗစ်ကာလ ဆားစျေးကွက် ဝယ်လိုအားကျလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၈) ကိုဗစ်-၁၉ အကြပ်အတည်းကာလ ဆားစျေးကွက်မှာ ဝယ်လိုအားကျလာတဲ့အတွက် မွန်ပြည်နယ်က ဆားလုပ်ငန်းရှင်တွေဟာ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ မွန်ပြည်နယ်မှာတော့ ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်မှာ စတင်ပြင်ဆင်ကြပြီး ဒီဇင်ဘာမှာဆိုရင် ဆားကြမ်းစတင်ထုတ်လုပ်ကြပါတယ်။ မွန်ပြည်နယ်က ထွက်တဲ့ဆားတွေကိုတော့ ပြည်နယ်အတွင်း အသုံးပြုတဲ့အပြင် အထက်မြန်မာပြည် မန္တလေးစျေးကွက်နဲ့ တနသာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းစျေးကွက်တို့ကို အဓိက တင်ပို့ရောင်းချနေတာပါ။…

အစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို မွန်လွှတ်တော် လေ့လာစိစစ်သွားမည်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၇ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းမှာ အားနည်းမှုတွေရှိနေတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အမြန်ဆုံး လေ့လာစိစစ်ပြီး အစီရင်ခံစာတင်ပြသွားဖို့ မွန်ပြည်နယ်လွှတ်တော်က ဆောင်ရွက်နေပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ဖြစ်ပွားမှုဟာ ဆက်တိုက်မြင့်တက်ခဲ့ပြီး ကူးစက်ခံရသူ (၂၀၀၀)နီးပါး ရှိခဲ့ပြီး ဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာတော့ အားနည်းချက်တွေ ရှိနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့ရဲ့…