မော်လမြိုင် ၊ ဒီဇင်ဘာ (၁၄)
ကမ္ဘာ့ခရီးသွားလုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ UN WTO က ခရစ္စမတ်ကာလမတိုင်ခင်မှာ နိုင်ငံတကာခရီးသွားဧည့်သည်တွေကို ကြိုဆိုဧည့်ခံနိုင်ဖို့အတွက် ကမ္ဘာ့အကြီးဆုံးအပန်းဖြေစခန်းတစ်ခု ဖြစ်တဲ့ ဘာလီကျွန်းစုဟာ အဆင်သင့်ဖြစ်နေပါပြီးလို့ ထုတ်ပြန်လိုက်ပါတယ်။
ဘာလီကျွန်း ကွင်းဆင်းဆန်းစစ်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ UN WTO အာရှနှင့်ပစိဖိတ် ဒါရိုက် တာ ဟယ်ရီဟွန် က အင်ဒိုနီးရှားအစိုးရကနေ တီထွင်ဆောင်ရွက်ထားတဲ့ ကျန်းမာရေးနှင့် လုံခြုံမှုဆိုင်ရာ အတိုင်းအတာများကို အကောင်အထည်ဖော်ဆောင်ရွက်နေတာကို ကနဦးမြင်တွေ့ခဲ့ရပြီး ဘာလီကျွန်း စီမံအုပ်ချုပ်ရေးအနေဖြင့်လည်း ကျွန်းကို နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် ပြန်လည် ဖွင့်လှစ် ပေးဖို့စီစဥ်ဆောင်ရွက်နေတာတွေကို တွေ့မြင်ခဲ့ရပါတယ်လို့ ပြောဆိုထားပါတယ်။
“အင်ဒိုနီးရှားနှင့် ဘာလီကို မြင်ရတာဟာ ကျွန်တော်အနေနဲ့ အလွန်အမင်း ပျော်ရွှင်ရပါတယ်။ သိပ်မကြာ ခင် ဒါမှမဟုတ် နောက်နှစ်အတွက်မှာ ပြန်လည်ဖွင့်ပေးနိုင်ဖို့ သင်တို့အားလုံး အဆင်သင့်ဖြစ်နေပါပြီး။ ကျွန်တော့်အနေနဲ့ကတော အစိုးရက ခရစ္စမတ်မတိုင်ခင် ဘာလီကို ပြန်ဖွင့်ပေးမယ်လို့ ကြေငြာရင်တောင် သိပ်အံ့ဩမိမှာမဟုတ်တော့ပါဘူး”လို့ မစ္စတာဟွမ် က မီဒီယာများသို့ (ဒီဇင်ဘာလ ၁၀ ရက်နေ့) မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါကိုယ်စားလှယ်အဖွဲ့က အာရှဒေသအတွင်းမှ ပထမဦးဆုံးအဖြစ် ရွေးချယ်ထားတဲ့ ဘာလီကျွန်းပေါ် မှာပဲ ယခုသီတင်းပတ်အတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်းများကို ပြန်လည်အစပြုခြင်း ဆိုင်ရာ စွမ်းရည်မြင့်အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး ဘာလီရဲ့ နိုင်ငံတကာလေဆိပ်ဖြစ်တဲ့ ငုရပ်ခ်ျ ရိုင် နှင့် အခြားသော ခရီးသွားနေရာအများအပြားကိုလည်း ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
“စံနှုန်းနှင့် လုံခြုံရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ ကျွန်တော်တွေ့ရသလောက်က အကောင်းဆုံးပဲ။ အဲ့ဒီ ထက် အကောင်းမွန်ဆုံးအခြေအနေက မရှိနိုင်ဘူး။ အင်ဒိုနီးရှားအစိုးရနဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင် ရွက်မှုဟာ အခြားသောအိမ်နီးချင်း အာရှနိုင်ငံများအတွက် ဥပမာကောင်းတစ်ရပ်ဖြစ်ပြီး လေ့လာနိုင်စရာ ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ မစ္စတာ ဟွမ်က ပြောကြားခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းအပေါ် သည်းကြီးမည်းကြီး မှီခိုရတဲ့ ဘာလီဟာ COVID-19 ကပ်ကာလမှာ အပြင်းအထန် အထိနာခဲ့ရပါတယ်။ ဒေသ GDP ရဲ့ ၆၀ ရာခိုင်နှုန်းက ခရီးသွားကဏ္ဍမှ ရရှိပြီး တစ်နှစ်ကို နိုင်ငံခြားသား ဦးရေပေါင်း ၁၀ သန်းလောက်အထိ လာရောက်ကြတဲ့ ကျွန်းရဲ့ပုံမှန်အခြေအနေထက် ယခုအခါမှာ ကျဆင်းနေခဲ့တာဖြစ်ပါတယ်။
လူဦးရေထောင်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ခဲ့တာကြောင့် ယခုနှစ် ဒုတိယသုံးလပတ်အတွင်းမှာ ကျွန်းရဲ့စီးပွားရေးက တစ်နှစ်လျှင် ၁၀.၉၈ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ရပါတယ်။ ဘာလီခရီးသွားအေဂျင်စီ၏ အချက်အလက်များအရ မတ်လနှင့် ဂျူလိုင်လအတွင်းမှာ ဘာလီဒေသရဲ့ ခရီးသွားလုပ်ငန်းနှင့် ပတ်သက် သည့် အခွန်ပမာဏက Rp 48.5 ထွီလီယမ် (ဒေါ်လာ ၄.၄ ဘီလီယမ်) အထိ ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထား ပါတယ်။
အောင်မျိုးမြတ်
REF – THESTRAITSTIMES