မွန်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး လူထုအကြား ပျံ့နှံ့နေပြီးလို့ ကျန်းမာရေးဌာန သုံးသပ်
မော်လမြိုင် ၊ ဒီဇင်ဘာ (၁၀) မွန်ပြည်နယ်မှာတော့ လူထုအကြားမှာ ကိုဗစ်-၁၉ ဗိုင်ရပ်စ်ပိုးဟာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက သုံးသပ်ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလအတွင်းမှာ ကိုဗစ်အတည်ပြုလူနာတွေကို ရာနဲ့ချီ ဆက်တိုက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အတည်ပြုလူနာတွေဟာ အနံ့မရတော့လို့ လာရောက်စစ်ဆေးရာမှ တစ်ဆင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရှိမှန်း တွေ့ရှိခဲ့တာပါ။ အချိန်ကာလတစ်ခုနဲ့ တစ်ခု ကူးစက်မှုနည်းလမ်းက…