မော်လမြိုင် ၊ ဒီဇင်ဘာ (၃)
နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ အမေရိကန်နိုင်ငံရွေးကောက်ပွဲမှာ ဒီမိုကရက် ဂျိုးဘိုင်ဒန်က သမ္မတ ဒေါ်နယ်ထရမ့်ကို အနိုင်ရထားသည်ဟူသော အခြေအနေကို နောက်ပြန်လှည့်စေနိုင်မယ့် မဲဆန္ဒရှင်များ လိမ်လည် လှည့်ဖျားမှုနှင့်ပတ်သက်တဲ့ စွပ်စွဲချက်များက လုံလောက်သော သက်သေအထောက်အထားများ မရှိကြောင်းကို တရားမျှတမှုဆိုင်ရာဌာနမှ ရှာဖွေတွေ့ရှိထားတာဖြစ်တယ်လို့ အမေရိကန်ရှေ့နေချုပ်အဖွဲ့ General Bill Bar က ပြောဆိုထားပါတယ်။
“ယနေ့အထိ ရွေးကောက်ပွဲရလဒ်ကို အတိုင်းအတာတစ်ခု ပြောင်းလဲစေနိုင်မယ့် လိမ်လည်မှုတွေကို ကျွန်ုပ်တို့ မတွေ့ရသေးပါဘူး”လို့ ဘားက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှု သော့ချက်ဖြစ်သည့် ဂျော်ဂျီယာ၊ မီချီဂန်၊ ပန်နီဆူလာဗာနီယန်နှင့် တခြားသော ပြည်နယ်များတွင် ဖြစ်ပွားခဲ့တဲ့ လိမ်လည်မှုများကို ယင်းတို့အနေနဲ့ ဆက်လက်သက်သေပြရန် ကြိုးစားနေကြတာ ဖြစ်တာကြောင့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကလည်း ဘိုင်ဒန်ရဲ့ အောင်နိုင်မှုကို ကာကွယ်သွားဖို့ မျှော်လင့်ရနိုင်ကြောင်း ဘားက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
“ရှေ့နေချုပ်ကိုတော့ လေးစားပါတယ်။ တရားမျှတရေးဌာနရဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဆောင်ချက်က ယုတ္တိလုံးဝ မရှိပါဘူး။ ကျွန်တော်တို့အားလုံး တရားမျှတမှုစနစ်နှင့် နိုင်ငံတော်ရဲ့ ဥပဒေပြုရေးအခန်းကဏ္ဍတွေကို အားပြုပြီး အမှန်တရားပေါ်မှာ ကျွန်တော်တို့ရဲ့ သေချာမှုကို ပြသသွားမှာဖြစ်ပါတယ်” ထရမ့်ရဲ့ ရှေ့နေများက ဘားရဲ့ ကြေငြာချက်နှင့်ပတ်သက်ပြီး တုံ့ပြန် ပြောဆိုထားပါတယ်။
မဲပုံးများကို Stuffing လုပ်ခြင်း၊ မဲလက်မှတ်အတုများကို ပြုလုပ်ခြင်းနှင့် ထောင်ပေါင်းများစွာသော အသက်ဆုံးပါး ကွယ်လွန်ပြီးသူများက မဲပေးခွင့်ရရှိနေခြင်းနှင့် မဲရေတွက်တဲ့ စက်ပစ္စည်းတွေမှာ ဘိုင်ဒန်ကို အသားပေးတဲ့ ပရိုဂရမ်တွေ ထည့်သွင်းထားခြင်း စသဖြင့် ထရမ့်ရဲ့ တုံ့ပြန်ချက်များကိုလည်း ရှေ့နေချုပ်များက ပြောဆိုခဲ့ပါတယ်။
ဥပဒေကြောင်းအရ ကန့်ကွက်ဖြစ်စဥ်မြောက်များစွာကိုလည်း ခုံရုံးမှ ပယ်ချခဲ့ပြီး ထရမ့်ရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှု များက အထောက်အထားမဲ့စွာ စွပ်စွဲပြောဆိုချက်တွေကို အခြေပြုပြီး တရားဝင်မဖြစ်အောင် ဘိုင်ဒန်ရဲ့ သန်းပေါင်းများစွာသော မဲတွေကို တရားဝင် မဖြစ်အောင် ရှာကြံပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
ဘားအနေနဲ့ကတော့ အဆိုပါဖြစ်တုံပြန်ချက်များနှင့်စပ်လျဥ်းပြီး မှတ်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိပါဘူး။
“ဒါက နည်းစနစ်တကျ မဲလိမ်လည်ခြင်း ဖြစ်စဥ်ပါလို့ ခိုင်ခိုင်မာမာ ပြောဆိုလိုက်ပါတယ်။ မဲရေတွက်တဲ့ စက်ယန္တရားတွေမှာ ရွေးကာက်ပွဲရလဒ်တွေကို တိတိပပ လွဲချော်စေနိုင်တဲ့ ပရိုဂရမ်တွေထည့်သွင်းထား ကြောင်းကိုတော့ တုံ့ပြန်ပြောဆိုရမှာပါ။ ပြီးတော့ နိုင်ငံလုံခြုံရေးနဲ့ တရားမျှတမှုဆိုင်ရာ ဌာနတွေက ဒီကိစ္စတွေကို စုံစမ်းခဲ့တယ်ဆိုတဲ့ သက်သေပြချက် တစ်စုံတစ်ရာ ကျွန်တော်တို့ မတွေ့ရသေးပါဘူး” လို့ ထရမ့်က သတင်းမီဒီယာများသို့ ပြောကြားခဲ့ပါတယ်။
သမ္မတအပေါ် နိုင်ငံရေးသစ္စာခံတစ်ယောက်အဖြစ် ကြာရှည်စွာ ရပ်တည်လာခဲ့တဲ့ ဘား က “ဖြစ်နိုင်ချေရှိတဲ့ တရားဝင်လိမ်လည်မှုတစ်ခုလို့ပြောမယ်ဆိုရင် ထိုအရာဖြစ်မြောက်အောင်လုပ်ဆောင်ခဲ့တဲ့ အခြေအနေများ၊ လူပုဂ္ဂိလ်များ၊ လုပ်ဆောင်ချက်များကို အထူးဖော်ပြဖို့လိုပါတယ်။ ဒီလိုပြောဆိုမှုတွေက စနစ်တကျ စွပ်စွဲချက်တွေ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ဘားရဲ့ မှတ်ချက် က သတင်းမီဒီယာများတွင် ဖော်ပြခံရပြီး တစ်ချိန်တည်း မစ္စတာ ဘားက အင်္ဂါနေ့မှာ အိမ်ဖြူတော်သို့ ပုံမှန်မဟုတ်တဲ့ အစည်းအဝေးတစ်ခုတက်ရောက်ရန်အတွက် ရောက်ရှိနေခဲ့ပါတယ်။
ရွေးကောက်ပွဲကာလတစ်လျှောက်မှာ ထရမ့်က သူ့ရဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ဆိုတဲ့ တောင်းဆိုချက်ကို အထောက်အပံ့မဖြစ်တဲ့ တရားမျှတမှုဆိုင်ရာဌာန အကြီးအကဲရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်လို့ ကြည်သာရွှင်ပျ မှုမရှိခဲ့ဘူးလို့ သတင်းမီဒီယာဖော်ပြခဲ့ကြပြီး အဆိုပါဖြစ်ရပ်များနှင့်စပ်လျဥ်းပြီး မစ္စတာဘားက လက်ရှိရာထူးမှ ထုတ်ပယ်ခံရနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြပါရှိပါတယ်။
အောင်မျိုးမြတ်
REF- Bangkok Post