November 18, 2020

ကိုဗစ်ထောက်ပံ့ကြေးကို ရသင့်တဲ့သူအားလုံးရအောင် စနစ်တကျ ဆောင်ရွက်ပေးနေဟု ဆို

မော်လမြိုင် ၊ နိုဝင်ဘာ (၁၈) အစိုးရရဲ့ ကိုဗစ်ကာလထောက်ပံ့ကြေးငွေတွေကို ရသင့်တဲ့သူအားလုံးရအောင် ဆောင်ရွက်ပေးနေတယ်လို့ ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို ငွေးကြေးထောက်ပံ့ပေးနေတာ ယခုအကြိမ်အပါအဝင် ၅ ကြိမ်မြောက်ရှိပြီးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုထောက်ပံ့ပေးတဲ့အခါ အောက်ခြေမှာ ရသင့်ရထိုက်တဲ့သူတွေ ကျန်ရှိတာမျိုးမဖြစ်ရလေအောင် ဒေသအလိုက်၊ ရွာအလိုက်သေချာစစ်ဆေးကာ သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးတွေရဲ့ ကြေညာသင်ပုန်း တွေမှာ ကြေညာပြီးမှသာ ထောက်ပံ့ပေးနေတယ်လို့…

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မယ်ဆိုတဲ့ NLD ရဲ့ပြောဆိုချက်ကို စောင့်ကြည့်ဖို့ လိုအပ်သေးတယ်လို့ မွန်ပါတီပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၁၈) အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မယ်လို့ NLD ပါတီကပြောဆိုထားပေးမယ့် လက်တွေ့လုပ်ရပ်ကို စောင့်ကြည့်ဖို့ လိုအပ်သေးတယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဟာ တိုင်းရင်းသားပါတီ (၄၈) ခုနှင့် ပူးပေါင်းဖို့ အိတ်ဖွင့်စာကို နိုဝင်ဘာလ (၁၇) ရက်နေ့မှာ ပေးပို့ခဲ့တာပါ။ ရွေးကောက်ပွဲအလွန် အစိုးရအသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မယ်ဆိုတဲ့…