November 6, 2020

ပါတီကိုယ်စားလှယ် မစုံမလင်နဲ့ ကြိုတင်မဲကောက်ခံလို့ ကော်မရှင်ကို ကန့်ကွက်စာ ပေးပို့

မော်လမြိုင် ၊ နိုဝင်ဘာ (၆) ပါတီကိုယ်စားလှယ် မစုံမလင်နဲ့ ကြိုတင်မဲတွေ ကောက်ခံနေတာကြောင့် ကော်မရှင်ကို ကန့်ကွက်စာ ပေးပို့ထားတယ်လို့ ရေးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးမျိုးဝင်းက ပြောပါတယ်။ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေမှာ လာရောက်မဲမပေးနိုင်တဲ့ အသက်(၆၀)အထက် မဲဆန္ဒတွေကို အိမ်အရောက် ကြိုတင်မဲ ကောက်ခံနေတာ ဖြစ်ပါတယ်။ ကျေးရွာအတော်များများမှာ ပါတီကိုယ်စားလှယ်တွေအစုံအလင်မရှိဘဲ လမ်းတကာလှည့်ပြီး ကြိုတင်မဲတွေ မကုန်မချင်းကောက်ခံနေတာကြောင့် ဖြောင့်မတ်မှန်ကန်မှု…

အယောင်ဆောင်မဲပေးမှုနဲ့ မဲဆန္ဒရှင်တစ်ဦးကို အမှုဖွင့်အရေးယူ

မော်လမြိုင် ၊ နိုဝင်ဘာ (၆) မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်က မဲဆန္ဒရှင်တစ်ဦးဟာ အယောင်ဆောင်မဲပေးမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ပြောပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့က ကျောက်တန်းရပ်ကွက်နေ ရွှေထွန်းဆိုသူက ၎င်းရဲ့ညီ တင်ရွှေဆိုတဲ့ နာမည်ပါ မှတ်ပုံတင်နဲ့ ရပ်ကျေးကော်မရှင်ရုံမှာ ကြိုတင်မဲလာပေးခဲ့တာကို စိစစ်တွေ့ရှိပြီးတော့ ကော်မရှင်က အမှုဖွင့်လိုက်တာပါ။ “မဲလာပေးသူက…

တံဆိပ်တုံးအတုနဲ့ ကြိုတင်မဲပေးထားသူများ ဆန္ဒမဲ ပြန်ပေးရမည်

မော်လမြိုင် ၊ နိုဝင်ဘာ (၆) UEC အမှတ်အသားမပါတဲ့ တံဆိပ်တုံးအတုနဲ့ ကြိုတင်မဲတွေကို ပယ်မဲအဖြစ်သတ်မှတ်ပြီး မဲဆန္ဒရှင်တွေကို နောက်တစ်ကြိမ် ထပ်မံမဲပေးစေခဲ့တယ်လို့ ပေါင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာရှိ မဲရုံအမှတ်(၁)မှာ အသက်(၆၀)နှစ်အထက် ကြိုတင်မဲပေးနေစဉ် နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှာ မဲဆန္ဒရှင် ၂၃ ဦးမြောက်ဆန္ဒမဲပေးသည့်အချိန်တွင် အဆိုပါမဲတံဆိပ်တုံးတစ်ခုတွင် UEC…