September 29, 2020

ကျိုက်ထိုမြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးအတွက် ဝင်ပြိုင်မည့်သူများ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်အပါအဝင် နိုင်ငံရေးပါတီပေါင်း (၁၃)ပါတီနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅၀)ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ လွှတ်တော်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် (၁)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၉)(၁)နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)နေရာဖြင့် စုစုပေါင်း (၄)နေရာရရှိသော ကျိုက်ထိုမြို့နယ်တွင် နိုင်ငံရေးပါတီ (၁၃)ခုက ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ်ရှိ မဲဆန္ဒနယ်နေရာ(၄)ခုစလုံး၌…

မော်လမြိုင်မြို့နယ်၏ ကိုယ်စားလှယ်လောင်းများဆိုင်ရာဖော်ပြချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ်အတွက် နိုင်ငံရေးပါတီပေါင်း (၁၃)ပါတီ (တိုင်းရင်းသားလူမျိုးရေးရာအပါအဝင်)၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁)ဦးအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅၄) ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ မော်လမြိုင်မြို့နယ်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများနှင့် လူငယ်ကိုယ်စားလှယ်လောင်းများလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁)ဦးအမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၄) အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၂)ဦး၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၅)အတွက်…

ကိုဗစ်လက္ခဏာမပြသူတွေနဲ့ ရောဂါအခံမရှိတဲ့ အတည်ပြုလူနာတွေကို ယာယီဆေးရုံမှာ ကုသသွားမည်

မော်လမြိုင် ၊ စက်တင်ဘာ (၂၉) မော်လမြိုင်မြို့မှာ ဆောက်လုပ်နေတဲ့ ကိုဗစ်ယာယီဆေးရုံမှာ ရောဂါလက္ခဏာမပြတဲ့သူတွေနဲ့ ရောဂါအခံမရှိတဲ့သူတွေကို ကုသသွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ပြောပါတယ်။ ပြည်နယ်အတွင်းက ကိုဗစ်-၁၉ အတည်ပြုလူနာတွေထားရှိဖို့ မော်လမြိုင်မြို့ အ.ထ.က(၁)ကျောင်း ဘောလုံးကွင်းမှာ လူနာ(၃၀၀) ဆန့်တဲ့ ယာယီဆေးရုံတစ်ခုကို ၂ ပတ်အတွင်းပြီးစီးနိုင်အောင် ဆောက်လုပ်နေတာပါ။ ရောဂါအခံရှိသူတွေကိုတော့ မော်လမြိုင်ဆေးရုံကြီးမှာပဲ စောင့်ကြည့်ကုသသွားမှာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ အတည်ပြုလူနာတွေကိုတော့…

မွန်ပြည်နယ်မှာ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာဖို့ အသင့်ဖြစ်

မော်လမြိုင် ၊စက်တင်ဘာ ၂၈ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာဖို့အတွက် အဆင်သင့်ဖြစ်နေပြီးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာဖို့ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာထားတာမရှိသေးပါဘူး။ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကြေညာချက်ထွက်လာတာနဲ့ မဲစာရင်းကပ်ထားကြေညာနိုင်အောင် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ “ပြည်ထောင်စုက သတ်မှတ်တဲ့နေ့ ကျွန်တော်ကြေညာပါမယ်။ အကုန်အသင့်လုပ်ထားပြီးသားပါ။ ကြေညာတဲ့နေ့ ထုတ်ပြီး…

ဝန်းရံသူတွေ အစုအဖွဲ့နဲ့အင်အားပြ လှည့်လည်နေတာကို ထိန်းသိမ်းပေးဖို့ တောင်းဆို

မော်လမြိုင် ၊ စက်တင်ဘာ (၂၉) ပါတီဝန်းရံသူတွေက လူစုလူဝေးနဲ့ အင်အားပြလှည့်လည်သွားလာနေတဲ့အပေါ် ပါတီခေါင်းဆောင်တွေက ထိန်းသိမ်းပေးဖို့ မဲဆန္ဒရှင် ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ NLD နဲ့ မွန်ညီညွတ်ရေးပါတီ အပါအဝင် ပါတီကြီးအချို့ရဲ့ ဝန်းရံသူတွေက အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူတာတွေအပြင် ဝန်းရံသူ ရာနဲ့ချီပြီး မြို့နယ်အတွင်း လှည့်လည်တာတွေ ပြုလုပ်ခဲ့တာပါ။ လက်ရှိမှာ ကိုဗစ်-၁၉ ကူစက်မှုနှုန်း မြင့်တက်နေတာကြောင့် အခုလို…