September 24, 2020

မွန်အမျိုးသားကျောင်း ဆရာတွေကို အစိုးရမှ လစာထောက်ပံ့ပေးဖို့ တောင်းဆို

မော်လမြိုင် ၊ စက်တင်ဘာ (၂၄) မွန်အမျိုးသားပညာရေးကျောင်းတွေက ဆရာ ဆရာမတွေကို အစိုးရမှ လစာထောက်ပံ့ပေးဖို့ အပါအဝင် အချက်သုံးချက်ကို တောင်းဆိုထားတယ်လို့ မွန်အမျိုးသားပညာရေးကော်မတီက ပြောပါတယ်။ ဒေသခံတွေရဲ့ အလှူငွေတွေနဲ့ ရပ်တည်နေရတဲ့ မွန်အမျိုးသားကျောင်းတွေဟာ ဘဏ္ဍာရေးအခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး အစိုးရ ကျောင်းဆရာတွေကို ပေးတဲ့ လစာရဲ့ (၄၀)ရာခိုင်နှုန်းကို မွန်အမျိုးသားကျောင်းဆရာတွေကို…

မဲဆွယ်မိန့်ခွန်းရုပ်သံ ဆင်ဆာဖြတ်တောက်မှုအပေါ် နိုင်ငံရေးပါတီတွေ ဝေဖန်

မော်လမြိုင် ၊ စက်တင်ဘာ (၂၄) နိုင်ငံပိုင်မီဒီယာကနေ ထုတ်လွှင့်မယ့် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တောက်ခဲ့တဲ့အပေါ် နိုင်ငံရေးပါတီတွေက ဝေဖန်ပြောဆို လိုက်ပါတယ်။ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ ကာလမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအဝင် နိုင်ငံပိုင် သတင်းစာများတွေကနေတဆင့် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ အခုလို ထုတ်လွှင့်ရာမှာ…