မွန်ပါတီက ကိုယ်စားလှယ်လောင်းတွေကိုသာ မဲပေးကြဖို့ မွန်လူငယ်ဆုံရပ် တိုက်တွန်း
မော်လမြိုင် ၊ စက်တင်ဘာ (၂၃) မွန်တိုင်းရင်းသားတွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီကိုသာ မဲပေးဖို့ မွန်လူငယ်ဆုံရပ်အဖွဲ့က စက်တင်ဘာလ (၂၂)ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ တစ်ပါတီစနစ် ကြီးစိုးမှုကြောင့် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ မွန်လူငယ်ဆုံရပ်အဖွဲ့က ဆိုထားပါတယ်။ ဒါကြောင့် လွှတ်တော်အတွင်းမှာ မွန်ပါတီရဲ့ ကိုယ်စားလောင်းတွေ နေရာရမှသာ မွန်တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာ…