နိုင်ငံတော်အနေနဲ့ ငါးစျေးကွက်ဖော်ဆောင်ပေးဖို့ မွန်ငါးလုပ်ငန်းရှင်တွေ တောင်းဆို
ရေး ၊ ဩဂုတ် (၂၄) ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ မွန်ပြည်နယ်ငါးလုပ်ငန်း စျေးကွက်ပျက်နေတာကြောင့် လာမယ့်ငါးဖမ်းရာသီမှာ နိုင်ငံတော်အနေမှ ဈေးကွက်ဖော်ဆောင်ပေးဖို့ မွန်ပြည်နယ် ငါးလုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်အနေနဲ့ ကိုဗစ်ကာလမှာ ချေးငွေချထားပေးဖို့ ဆောင်ရွက်နေပေမယ့် ငါးဈေးကွက်မရှိပါက ချေးငွေရလည်း အဆင်မပြေနိုင်ဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ လက်ရှိအခက်အခဲတွေကြောင့် လာမယ့်ငါးဖမ်းရာသီအဖွင့်မှာ ဆက်လက်လုပ်ကိုင်ဖို့ မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက…