August 22, 2020

မဲစာရင်းမှာ မဲဆန္ဒရှင်များ မကျန်ခဲ့စေဖို့ အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေး

ရေး ၊ ဩဂုတ် (၂၂) မဲစာရင်းမှာ မဲဆန္ဒရှင်တွေ မကျန်ခဲ့စေဖို့အတွက် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး ဩဂုတ်လ ၁၇ ရက်နေ့ကစလို့ တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်နဲ့ ကွင်းဆင်းစစ်ဆေးနေကြပါတယ်။ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ကနေ ခုလ ၁၄ ရက်နေ့အထိ ၂၁ ရက်ကြာ မဲဆန္ဒရှင်စာရင်းတွေကပ်ထားခဲ့ပေမယ့် ရေးမြို့နယ်မှာ လာရောက်ကြည်ရှုသူနည်းပါးခဲ့တယ်လို့ ဆိုပါတယ်။…

မွန်ပြည်နယ်အခြေစိုက် Discovery Coaching, Training & Consulting Co,.ltd ရဲ့ CEO ကိုမင်းသိန်းထွန်းဦးနဲ့တွေ့ဆုံခြင်း

မေး – လက်ရှိစီးပွားရေးအခြေအနေအရ ရှေ့အလားအလာဘယ်လိုရှိပါသလဲ၊ ဖြေ – စီပွားရေးက ဒီလာမယ့်နှစ်မှာ အခြေအနေကောင်းလာဖို့ အလားအလာ တော်တော်နှေးမယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မွန်ပြည်နယ်ရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ ရာဘာ၊ ကွမ်းသီးတွေကလည်း ဈေးကောင်းမရနိုင်ဘူး။ ပြည်ပရောက်နေသူအများစုကလည်း လုပ်ငန်းအခြေအနေမကောင်းတာကြားထားရတယ်။ ပြည်တွင်းမှာ ဘုရားဖူးလုပ်ငန်း၊ ပွဲလမ်းသဘင်တွေ၊ ရှင်ပြု၊ မင်္ဂလာဆောင်စတဲ့ လူစုလူဝေး လူတွေငွေသုံးရမယ့်ကိစ္စတော်တော်များများရပ်ထားရတော့ စီးပွားရေးအလားအလာက အေးနေအုံးမယ် ထင်ပါတယ်။…