August 18, 2020

ကိုဗစ်ကြောင့် ရေးမြို့နယ် မဟာဓာတ်အားလိုင်းရဖို့ (၃) နှစ်ခန့် ထပ်စောင့်ရမည်

ရေး၊ ဩဂုတ် (၁၈) ကိုဗစ်-၁၉ ကြောင့် ရေးမြို့နယ်ဟာ မဟာဓာတ်အားလိုင်းရရှိဖို့ ၃ နှစ်ခန့် စောင့်ဆိုင်းရဦးမယ်လို့ ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။ ရေးမြို့နယ်ဟာ မွန်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရသေးတဲ့ တစ်ခုတည်းသော မြို့နယ်ဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်းကနေ ရေးမြို့နယ်ကို ၂၃၀ကေဗီ ဓာတ်အားလိုင်း သွယ်တန်းတာကို၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်အတွင်းမှာ အပြီးသတ်ဆောင်ရွက်ဖို့ လျာထားခဲ့ပေမယ့် ကိုဗစ်အခြေအနေကြောင့် ယခုနှစ် အောက်တိုဘာ…

မွန်ပြည်နယ်ငါးလုပ်ငန်းအပေါ် ကိုဗစ်ရိုက်ခတ်မှု ပြင်းထန်

မော်လမြိုင် ၊ ဩဂုတ် ၁၈ ၂၀၂၀-၂၀၂၁ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းက ငါးဖမ်းပိုက်ချက်တွေကို တင်ဒါရောင်းချခဲ့ရာမှာတော့ ကိုဗစ်-၁၉ ရဲ့ စီးပွားရေးရိုက်ခတ်မှုတွေကြောင့် ဝယ်ယူသူ အလွန် နည်းပါးခဲ့ပါတယ်။ မွန်ပြည်နယ်က စျေးကောင်းရတဲ့ ငါး (၈၀) ရာခိုင်နှုန်းဟာ တရုတ်စျေးကွက်ကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကစပြီး မွန်ပြည်နယ်ထွက်ငါးတွေ ပြည်ပတင်ပို့မှု ရာနှုန်းပြည့်…