August 13, 2020

မွန်ပြည်နယ်မှာသွေးလွန်တုပ်ကွေး ဖြစ်ပွားသူ(၈၇၀)ကျော်ရှိပြီး ၃ဦးသေဆုံး

မော်လမြိုင် ၊ ဩဂုတ် (၁၃) ဩဂုတ်လ (၁၃)ရက်နေ့အထိ မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၈၇၀) ကျော်ရှိပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေမှာ မော်လမြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်တို့မှာ အများဆုံးဖြစ်ပြီး သေဆုံးသူထဲက ကလေး(၂) ဦးဟာ ပေါင်မြို့နယ်ကဖြစ်ပြီး ကျန်တစ်ဦးကတော့ ကျိုက်မရောမြို့နယ်က ဖြစ်ပါတယ်။…