August 12, 2020

ပြည်သူ့ပါတီမှ သထုံနှင့်ကျိုက်မရော မြို့နယ်တို့တွင်(၄)နေရာ ယှဉ်ပြိုင်မည်

မော်လမြိုင် ၊ ဩဂုတ် (၁၂) ပြည်သူ့ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ကျိုက်မရောနဲ့ သထုံမြို့နယ်တွေမှာ ယှဉ်ပြိုင်သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။ ပြည်သူ့ပါတီဟာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မြို့နယ် ၇၀ ကျော်မှာ ကိုယ်စားလှယ်ဦးရေ ၁၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ သထုံမြို့နယ်မှာ ပြည်နယ်လွှတ်တော် (၁) နဲ့ (၂)…

တက္ကသိုလ်ဝင်တန်းအောင်ချက်ကောင်းဖို့ မွန်အမျိုးသားကျောင်းစီမံချက် ရေးဆွဲသွားမည်

မော်လမြိုင် ၊ ဩဂုတ် ၁၂ မွန် ၊ ကရင် ၊ တနင်္သာရီဒေသက မွန်အမျိုးသားကျောင်းတွေရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားလာစေဖို့အတွက် စီမံချက်တွေ ရေးဆွဲသွားမယ်လို့ မွန်အမျိုးသားပညာရေး ကော်မတီတာဝန်ခံ ဆရာမင်းအောင်ဇေက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်အမျိုးသားကျောင်းမှ ကျောင်းသူကျောင်းသား ၁၄၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၂ ဦးသာ အောင်မြင်ခဲ့တာပါ။ မွန်အမျိုးသားကျောင်းတွေရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်ဟာ…