August 7, 2020

မွန်ပြည်နယ်အတွင်း မဲစာရင်း မှားယွင်းလို့ ပြင်ဆင်ရန် တင်ပြသူ (၁၆၀၀၀) ကျော် ရှိ

မော်လမြိုင် ၊ ဩဂုတ် (၇) ပထမအကြိမ်ကပ်ထားကြေညာတဲ့ မဲစာရင်းမှာ ပုံစံအမျိုးမျိုးနဲ့ မှားယွင်းနေလို့ ပြင်ဆင်ပယ်ဖျက်ပေးဖို့ လျှောက်ထားသူ (၁၆၀၀၀) ကျော် ရှိတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။ ဩဂုတ်လ (၆) ရက်နေ့အထိ မွန်ပြည်နယ်တစ်ဝှမ်းမှာ မဲစာရင်းလာကြည့်သူ တစ်သိန်းခုနှစ်သောင်းကျော် ရှိပြီး အမည်စာရင်း မပါလို့ ပုံစံ(၃) နဲ့ လျှောက်ထားသူ တစ်သောင်းကျော် ၊…

မွန်ပြည်နယ်အတွင်း NLD နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဟု မွန်ညီညွတ်ရေးပါတီ သုံးသပ်

မော်လမြိုင် ၊ ဇူလိုင် (၇) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း မြို့နယ်တွေမှာ NLD ပါတီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူက သုံးသပ်လိုက်ပါတယ်။ မွန်ညီညွတ်ရေးပါတီဟာ မွန်၊ ကရင်၊ တနင်္သာရီအပါအဝင် ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ကိုယ်စားလှယ်လောင်း (၆၇) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုယှဉ်ပြိုင်ရာမှာတော့ ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ချောင်းဆုံက…