August 6, 2020

ရွေးကောက်ပွဲမှာ မသန်စွမ်းတွေ လွယ်ကူစွာ မဲပေးနိုင်အောင် စီစဉ်ပေးဖို့ တောင်းဆို

မော်လမြိုင် ၊ ဩဂုတ် (၆) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မသန်စွမ်းတွေ လွယ်ကူစွာမဲပေးနိုင်အောင် စီစဉ်ပေးဖို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်းက တောင်းဆိုလိုက်ပါတယ်။ ယခင်ရွေးကောက်ပွဲတွေမှာတော့ မဲရုံတွေမှာ မသန်စွမ်းတွေအတွက် လွယ်ကူချောမွေ့စွာ မဲပေးနိုင်အောင် မစီစဉ်ထားတာကြောင့် မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့ မသန်စွမ်းတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ “ ကိုယ်အင်္ဂါ မသန်စွမ်းဆိုပါတော့ ဝှီးချဲနဲ့သွားရမယ် ။ ဝှီးချဲသွားမယ့်လမ်းတွေကို အဆင်ပြေအောင် မလုပ်ပေးထားဘူး။လှေကားထစ်ကအစ…

PPP ပါတီ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်မှာသာ ယှဉ်ပြိုင်မည်

မော်လမြိုင် ၊ ဩဂုတ် (၆) ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party-PPP)အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်တစ်ခုတည်းမှာသာ ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ဒုဥက္ကဌ-၄ ဖြစ်သူ ဒေါ်ငုဝါဝင်းက ပြောပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မွန်ပြည်နယ်မှာတော့ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အတွင်းက ပြည်နယ်တော်လွှတ်တော် (၁) (၂)အပါအဝင် ပြည်သူ့လွှတ်တော်နဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေကို ယှဉ်ပြိုင်သွားမယ်လို့…