August 5, 2020

ပဲခူးတိုင်းနှင့်တနင်္သာရီတိုင်း ကော့သောင်း မြို့မှာပါ မွန်ညီညွတ်ရေး ပါတီ ယှဉ်ပြိုင်မည်

မော်လမြိုင် ၊ ဩဂုတ် (၅) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မွန် ၊ ကရင် ၊ တနင်္သာရီ နဲ့ ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်းမှာပါ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဲ့ ရန်ကုန်တိုင်းက မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း…

အခေါက်ရွှေစျေး စံချိန်တင် မြင့်တက်

မော်လမြိုင် ၊ ဩဂုတ် (၅) ဩဂုတ်လ (၅)ရက်နေ့အထိ မွန်ပြည်နယ် ရွှေစျေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် (၁၃) သိန်းကျော်အထိ စံချိန်တင် စျေးနှုန်းမြင့်တက်နေတယ်လို့ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် (၁၂) သိန်းဝန်းကျင် ရှိရာကနေ အခု ကျပ်(၁၃)သိန်း တစ်သောင်းကျော်အထိ စျေးနှုန်းမြင့်တက်ခဲ့တယ်လို့ မွန်ပြည်နယ်ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ…

မဲပေးပိုင်ခွင့်ရှိသူ၏ (၅၀) ရာခိုင်နှုန်း ကျော် မဲစာရင်းလာကြည့်

မော်လမြိုင် ၊ ဩဂုတ် (၅) မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့် ရှိသူရဲ့ (၅၀) ရာခိုင်နှုန်းကျော် မဲစာရင်း လာရောက်ကြည့်ရှုခဲ့ပြီး ဖြစ်တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။ မဲဆန္ဒရှင်စာရင်းတွေကိုတော့ ဇူလိုင်လ (၂၅) ရက်နေ့ကနေ ဩဂုတ်လ (၇) ရက်နေ့အထိ ကြေညာသွားမှာ ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ အိမ်ထောင်စုအလိုက် မဲစာရင်းကို ကပ်ထားကြေညာတဲ့အတွက် မိသားစု…