July 31, 2020

၂၀၂၀ ရွေးကောက်ပွဲ USDP ပါတီ အစိုးရ ဖွဲ့နိုင်သည်အထိ အောင်မြင်မည်ဟု ဆို

မော်လမြိုင် ၊ ဇူလိုင် (၃၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်သည်အထိ အောင်မြင်မှုတွေ ရလိမ့်မယ်လို့ USDP ပါတီ မွန်ပြည်နယ် အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောပါတယ်။ ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို လွန်ခဲ့တဲ့ (၄)လ ကတည်းက ရွေးချယ်ထားပြီး ဖြစ်ပေမယ့် ပါတီဗဟိုရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် လူထုကို အသိမပေးသေးတာလို့ ဆိုပါတယ်။…

ပထမအကြိမ် မဲပေးမယ့် လူငယ်တွေ မဲစာရင်းလာကြည့်ဖို့ မွန်လူငယ်အဖွဲ့ နှိုးဆော်

ရေး ၊ ဇူလိုင် (၃၁) ပထမအကြိမ် ဆန္ဒမဲပေးမယ့်လူငယ်တွေ မဲစာရင်းလာကြည့်ဖို့နဲ့ ရွေးကောက်ပွဲမှာ မဖြစ်မနေမဲပေးဖို့ ရေးမြို့နယ်အခြေစိုက် မွန်လူငယ်အဖွဲ့က လိုက်လံနှိုးဆော်နေပါတယ်။ မဲဆန္ဒရှင် စာရင်းကပ်ပြီး (၇)ရက်ကြာအထိ ရေးမြို့နယ်မှာ မဲစာရင်းလာကြည့်သူ (၅၀) ရာခိုင်နှုန်း မပြည့်သေးဘူးလို့ ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေက ပြောပါတယ်။ ဒါကြောင့် လူငယ်တွေ မဲစာရင်းလာကြည့်အောင် နှိုးဆော်နေတာဖြစ်ပြီး သတ်မှတ်ရက်…

တပ်မဲစာရင်း အပါအဝင် မွန်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆သောင်းကျော် ရှိ

မော်လမြိုင် ၊ ဇူလိုင် ၃၁ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တပ်မတော်သားနဲ့ အတူနေမိသားစု မဲစာရင်း အပါအဝင် မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော် ရှိတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒီမဲစာရင်းထဲမှာတော့ ယခုမှ စတင်မဲပေးမယ့် လူငယ် တစ်သိန်းကျော်နဲ့ မသန်စွမ်း ၄ ထောင်ကျော် ပါဝင်တယ်လို့…