လူသွားစင်္ကြန်ပလက်ဖောင်းများပေါ်တွင်ကျူးကျော်ရောင်းချနေသည့်ဈေးဆိုင်များကိုဖမ်းဆီးအရေးယူသွားမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် လမ်းနယ်နိမိတ် ၊ လူသွားစင်္ကြန် ၊ ပလက်ဖောင်းများပေါ်တွင် ကျူးကျော်ရောင်းချနေသည့် ဈေးဆိုင်များကို စည်ပင်သာယာရေးဥပဒေအရ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်သွားမည်ဟု စည်ပင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ကပြောသည်။

ယနေ့ပြည်နယ်လွှတ်တော်တွင် ချောင်းဆုံမြို့နယ်လွှတ်တေ်ာကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ လူသွားလမ်းပေါ်တွင်ကျူးကျော်ရောင်းချနေသည့် ဈေးဆိုင်များကိုမည်သို့ကြီးကြပ်နေပါသလဲဟု မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပညာပေးကာလပြီးဆုံးသွားပြီးဖြစ်တဲ့အတွက် စည်ပင်သာယာရေးဥပဒေအရ အရေးယူမှုတွေပြုလုပ်တော့မှာဖြစ်သည့်အတွက် ထောင်ဒဏ် (၃)နှစ် ၊ ငွေဒဏ် ကျပ်သိန်း(၂၀) ကနေ သိန်း(၃၀) အထိ ချမှတ်ပြီး အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရိုက်ကူး – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.