2016

ရေးမြို့နယ်တွင် ဆိုင်ကယ်ချင်းမျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် လူနှစ်ဦးအချင်းဖြစ်နေရာတွင်ပင်သေဆုံး

ရေး ၊ ဇူလိုင် ၂၀ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာအနီးတွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင် သူနှစ်ဦး အချင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့မှု ဇူလိုင်လ ၁၉ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည်ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဝါဆိုလပြည့်နေ့က ဇင်းကျိုက်ရေတံခွန်တွင် လူငယ်တစ်ဦးရေနစ်သေဆုံး

ပေါင်၊ ဇူလိုင် ၁၉ ဝါဆိုလပြည့်နေ့တွင် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရေတံခွန်တွင် အသက်(၁၂)နှစ်အရွယ်လူငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်တွင်နေထိုင်ကြသော မောင်လင်းပြည့်ဖြိုး(၁၂နှစ်)၊ မောင်အောင်ကိုကို(၁၃နှစ်)၊ မောင်ဝင်းထွန်း(၂၂)နှစ်တို့သည် ဇူလိုင်လ(၁၉)ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်တစ်စီး ဖြင့် ဇင်းကျိုက်ရေတံခွန်သို့လာရောက်လည်ပတ်ခဲ့စဉ် ရေဆင်းကူးကြရာမှ မောင်လင်းပြည့်ဖြိုး (ခ)အငယ်လေးမှာရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ပန်းခွေချနိုင်ခြင်းမရှိ

ပေါင်၊ ဇူလိုင် ၁၉ ပေါင်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အခြားသော နိုင်ငံရေးပါတီများမှ တက်ရောက်ပန်းခွေချအလေးပြုခဲ့သော်လည်း ပေါင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ပန်းခွေချ နိုင်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

ဝတ်ဆင်ထားသည့်ရွှေများကို ခြောက်လှန့်ယူဆောင်သွားခဲ့သူများအား သုံးလကျော်ကြာမှ တိုင်ကြား

မုဒုံ၊ ဇူလိုင် ၁၅ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ၊ ရွာဝင်လမ်းအတွင်း အမျိုးသမီးနှစ်ဦးထံမှ ခြောက်လှန့်ပြီး ရွှေထည်များယူ ဆောင်သွားခဲ့သည့် အမျိုးသားနှစ်ဦးအား သုံးလကျော်ကြာမှ တိုင်တန်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မုဒုံမြို့နယ်၊ ရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ထိုင်းနိုင်ငံရှိ နေအိမ်တစ်အိမ်မှ ရွှေ၊ ငွေ၊ ပစ္စည်းပျောက်ဆုံးမှုအတွက်တိုင်ကြားရာ မင်္သကာသူကို ကညှော်ကျေးရွာတွင် စစ်ဆေးတွေ့ရှိ

ချောင်းဆုံ၊ ဇူလိုင် ၁၄ ထိုင်းနိုင်ငံရှိ နေအိမ်တစ်အိမ်မှ ရွှေ၊ ငွေပစ္စည်းများပျောက်ဆုံးမှုအတွက် တိုင်ကြားရာ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာတွင် မင်္သကာသူကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ချောင်းဆုံမြို့မရဲစခန်းထံမှ သိရသည်။

ရေးမြို့တွင် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားများအကြား ပြဿနာများ ညှိနှိုင်းအဖြေရှာမည်

ရေး ၊ ဇူလိုင် ၁၈ ရေမြို့နယ်အတွင်းရှိ ရေလုပ်ငန်းများအတွင်း ဖြစ်ပွားနေသည့် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားများ အကြား ဆွေးနွေးညှိနှိုင်းအဖြေရှာကြမည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား ရေးမြို့၊အထွေထွေအုပ်ချုပ်ရေးမှူးရုံး

ရေးမြို့နယ်အတွင်း လူငယ် ၂ ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရေး ၊ ဇူလိုင် ၁၈ ရေးမြို့နယ်၊ အဘော်ကျေးရွာပိုင် ရေး-အစင်သွား ကားလမ်းမကြီးနဘေး ရော်ဘာခြံအတွင်း လူငယ် ၂ ဦးထံက စိတ်ကြွဆေးပြားများကို ဇူလိုင်လ ၁၇ ရက်နေ့၊ ညနေပိုင်းက သိမ်းဆည်းရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရေးမြို့နယ် မာရဒေဝီ ပညာရေးဖောင်ဒေးရှင်းသို့ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ပြီ

ရေး ၊ ဇူလိုင် ၁၇ ရေးမြို့နယ်၏ ပညာရေးဖောင်ဒေးရှင်းတစ်ခုဖြစ်သော မာရဒေဝီပညာရေးဖောင်ဒေးရှင်းသို့ ယခုနှစ် တက္ကသိုလ် ဝင်ခွင့်ကျပြီးသည့်အချိန်တွင် ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ယင်းဖောင်ဒေး ရှင်းဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဖြူက ပြောသည်။

ပြိုင်ဆိုင်မှုစိတ်လာမယ့် ကျိုက္မရော ဘိလပ်မြေစက်ရုံရဲ့ ကျောက်မီးသွေး။

ဇူလိုင်လ(၁၈)ရက်နေ့က MCL စက်ရုံဝန်းကျင် ရွာ(၁၂)ရွာလောက်က မွန်ဆရာတော်တွေဦးစီးပြီး မွန်လူငယ် (၄၀၀)လောက်ဟာ ရွာအလိုက် ကျောက်မီးသွေး အလိုမရှိဆိုတဲ့ စတစ်ကာတွေကို အိမ်၊ ကား၊ ဆိုင်ကယ်၊ လက်ကိုင်ဖုံးတွေမှာလိုက်ကပ်ရင်း သူတို့သိထားတဲ့ ကျောက်မီးသွေးဆိုးကျိုးကို ရွာသူတွေကို လိုက်ပြောကြ

ပင်လယ်ခရုအိုးကပ်ချက်

သံလွင်တိုင်းမ်စာဖတ်ပရိတ်သတ်များအတွက် အထူးကဏ္ဍတစ်ရပ်အဖြစ် မွန်ရိုးရာစားသောက်ဖွယ်ရာများ ကဏ္ဍကို ဖွင့်လှစ်ထားပါသည်။ ယခုတစ်ပတ်အတွက် အလှည့်ကျလာတဲ့ မွန်ရိုးရာစားဖွယ်ကတော့ ပင်လယ်ခရုအိုးကပ်ချက်ပဲဖြစ်ပါတယ်။