2016

မွန်းကျပ်နေသော ဘဝများမှ ဖောက်ထွက်ကြရအောင်

ဌေးဝင်း လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတဲ့ သတ္တဝါမျိုး မဟုတ်လား။ မျှော်လင့်ချက်အတွက် လူတိုင်းမှာ အိမ်မက် ကိုယ် စီကိုယ်စီ သို့မဟုတ် ရည်ရွယ်ရာ ပန်းတိုင်တခုစီတော့ ဧကန်ရှိကြရမှာပါ။

ကအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ ရေဖြူမြို့နယ်တွင် တိုက်ပွဲငယ်ဖြစ်

ရေဖြူ၊ စက်တင်ဘာ ၈ ၂၁ ရာစုပင်လုံညီလာခံကျင်းပပြီး (၅) ရက်အကြာ စက်တင်ဘာ (၈) မွန်းလွဲပိုင်းက မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အစပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများထံမှသိရသည်။

၂၁ပင်လုံအပြီး NCA လက်မှတ်ထိုးနိုင်ခြေ နိုင်ငံရေးဆွေးနွေးရေးမူဘောင်အပေါ်မှာမူတည်

နေပြည်တော်၊ စက်တင်ဘာ ၃ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ပင်လုံအပြီးတွင် NCAစာချုပ်လက်မှတ်မထိုးထားသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများမှာ လက်မှတ်ထိုးနိုင်ရန်နိုင်ငံရေးဆွေးနွေးရေးမူဘောင်အပေါ်တွင် မူတည်ကြောင်း တိုင်းရင်းသားခေါင်း ဆောင်များက ပြောသည်။

တိုင်းရင်းသားများ လက်နက်ကိုင်အဖွဲ့အစည်းများ လိုချင်သည့် (၃) ပွင့်ဆိုင် ဖြစ်မလာသည့်အတွက် (၂၁) ပင်လုံ ဆွေးနွေးပွဲ တန်းတူမှုမရှိဟုဆို

နေပြည်တော်၊ စက်တင်ဘာ ၂ မိုင်ဂျာယန်အစည်းအဝေးဆုံးဖြတ်ချက်မှ (၃)ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မလာသည့်အတွက် ၂၁ပင်လုံညီလာခံမှာ တန်းတူမှုမရှိဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံမှ သိရသည်။

ဆိုးလ်မြို့တော်တွင်ကျင်းပနေသည့် မြို့တော်ဝန်များညီလာခံသို့ သံဖြူဇရပ်စည်ပင်ကော်မတီဥက္ကဌတက်ရောက်

တာင်ကိုးရီးယားနိုင်ငံ၏မြို့တော်ဆိုးလ်တွင် ကျင်းပနေသည့် ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှုနှင့်မြို့တော်ဝန်များ၏ ၂ ရက်တာညီလာခံသို့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြိ့နယ် စည်ပင်သာယာရေးကော်မတီမှ ဥက္ကဌဖြစ်သူ ဦးထွန်းမြင့်ကျော်လည်း သွားရောက်တက်ရောက်နေသည်ဟု သတင်းရရှိပါသည်။

အခြေခံလူ့အခွင့်အရေးနှင့် LGBT (လိင်တူချစ်သူ) အခွင့်အရေးဆိုင်ရာသင်တန်း ရေးမြို့တွင် ၃ ရက်ကြာဖွင့်လှစ်

ရဲနိုင်ဦး ရေး ၊ သြဂုတ် ၂၉ အခြေခံလူ့အခွင့်အရေးနှင့် လိင်စိတ်ခံယူမှုအပေါ် ခွဲခြားခံရသည့် LGBT (လိင်တူချစ်သူ)အခွင့်အရေးဆိုင်ရာသင်တန်းကို ရေးမြို့၊ ပြည်ခိုင်ဖြိုးခန်းမတွင် သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့သည်ဟုသိရသည်။