2016

မုဒုံမြို့နယ်တွင် ကောက်ရိတ်သမားလိုအပ်ချက်ကြောင့် ကြိုတင်ငွေပေးကာ လုပ်သားရရှိရေးလယ်ရှင်များ ကြိုးစားနေရ

မုဒုံ၊ စက်တင်ဘာ ၂၁ မုဒုံမြို့တွင် ကောက်ရိတ်သမားလိုအပ်ချက်များခြင်းကြောင့် ကြိုတင်ငွေပေးကာ လုပ်သားရရှိရေး ကြိုးစားနေရကြောင်း လယ်ရှင်များထံမှ သိရသည်။

တန်(၄၀၀၀)ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်မည့်အပေါ် ဒေသခံများ ကန့်ကွက် မည်ဟုဆို

ဘားအံ၊ စက်တင်ဘာ ၁၉ ဘားအံမြို့နယ်၊သံလွင်အနောက်ဘက်ခြမ်းရှိ မြိုင်ကလေးတန်(၄၀၀၀) ဘိလပ်မြေစက်ရုံ ကို ကျောက် မီးသွေးလောင်စာဖြင့် အစားထိုးလည်ပတ်နိုင်ရေးအတွက် စီမံကိန်းလျာထားချက် အပေါ် စက်ရုံအနီးပတ်ဝန်း ကျင်ကျေးရွာပေါင်း(၁၁)ရွာမှ ဒေသခံပြည်သူများမှ ကန့်ကွက်သွားမည်ဟု သိရသည်။

ရေးမြို့နယ်ရှိဆောက်လုပ်ရေးလုပ်ငန်းများတွင် သစ်အစားထိုး သံဖရိန်ဖြင့် ဆောက်လုပ်မှုများပြားလာ

ရေး ၊ စက်တင်ဘာ ၂၂ ရေးမြို့နယ်အတွင်း အိမ်ယာနှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများတွင် သစ်အစားထိုးအဖြစ် သံဖရိန် ဖြင့် ဆောက်လုပ်လာနေမှု များပြားလာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူများ၏ ပြော ကြားချက်အရ သိရသည်။

မော်လမြိုင်မြို့ရှိ မီးလောင်ပြင်နေရာကို Southern Myanmar ဘောလုံးကွင်းအား တစ်နှစ်သိန်း(၃၀) ဖြင့် နှစ်ပေါင်း(၃၀)ငှားရမ်းထားဟုဆို

မော်လမြိုင်၊ စက်တင်ဘာ ၂၂ မော်လမြိုင်မြို့ရှိ အားကစားဝန်ကြီးဌာန ဂရမ်ပေါက်(ယခင်မြင်းပြိုင်ကွင်း) ကျောင်းသား အားကစားကွင်းကို အားကစားဝန်ကြီးဌာနမှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နှင့် ဆောက်သန်း မြန်မာဘောလုံးအသင်းတို့ကို တစ်နှစ်လျှင် ငွေကျပ်(၃၀)ဖြင့် ငှားရမ်းထားကြောင်းသိရသည်။

နှစ်စဉ် ရေပြတ်လတ်မှုကြုံနေရသည့် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာအား ရေရရှိရေးစတင်ဆောင်ရွက်

မုဒုံ စက်တင်ဘာ ၂၁ နှစ်စဉ်နွေရာသီရောက်တိုင်း ရေပြတ်လတ်မှုကြုံတွေ့နေရသည့် မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာ ရေရရှိရေးအတွက် လုပ်ငန်းအစီအစဉ်များအား စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာန ထံမှ သိရသည်။

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ကျိုက်မရောမြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကုမ္ပဏီ(၆)ခု မှ တာဝန်ယူဆောင်ရွက်မည်

ကျိုက်မရော စက်တင်ဘာ ၁၉ ကျိုက်မရောမြို့နယ်တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ မိတ်ဆက် ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပြီး တင်ဒါအောင်ကုမ္ပဏီ(၆)ခုက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်း ပွဲမှ သိရသည်။

Southern Myanmar Football Club မှ မော်လမြိုင်မြို့တွင် အိမ်ကွင်းပွဲစဉ်များအဖြစ် အခြေချလက်ခံကစားရန် စီစဉ်

မော်လမြိုင်၊ စက်တင်ဘာ ၂၂ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးအခြေစိုက် Southern Mayanmar ဘောလုံးအသင်းမှ မော်လမြိုင်မြို့ရှိ ရာမည အားကစားကွင်း(ယခင် မြင်းပြိုင်ကွင်း) ကျောင်းသားအားကစားကွင်းအား ပြန်လည် ပြုပြင်ကာ အိမ်ကွင်းပွဲစဉ်များအတွက် အခြေချနိုင်အောင် စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။

မုဒုံတွင် ဗြောက်အိုး၊ မီးရှုးမီးပန်း ရောင်းဝယ်ပစ်ဖောက်ခြင်းအားတားမြစ်

မုဒုံ၊ စက်တင်ဘာ ၁၉ မုဒုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဗြောက်အိုး၊ မီးရှုးမီးပန်း ရောင်းဝယ်ပစ်ဖောက်ခြင်းအား တား မြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားဝင်အမိန့်ထုတ်ပြန်လိုက်သည်။<!--more--> “အဓိကမဖြစ်သင့်မဖြစ်ထိုက်တာတွေ မဖြစ်ဖို့ကြိုတင်ကာကွယ်တဲ့သဘောပါ။ နယ်မြေ လုံခြုံရေးအရ သိပ်အရေးကြီးတဲ့အတွက် ဒီအမိန့်ကိုထုတ်ရခြင်းဖြစ်တယ်။ ယိုးဒယားဘက်ကလာတဲ့ မီးရှူး၊ မီးပန်းတွေကသေနတ်သံထက်ကို ပိုကျယ်တယ်။ မီးပန်းလွှတ်သံလား သေနတ်သံလားထင်ယောင်ထင်မှားဖြစ်စေတယ်။ ဒါကိုဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်သမားများက အခွင့်အရေးတစ်ရပ်လိုအသုံးချပြီး ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများပြုလုပ်လာနိင်တယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ထင်ကသံလွင်တိုင်းမ်ကိုပြောသည်။…

အိမ်ထောင်စုစာရင်းပြုလုပ်ရာ၌ ပိုင်ဆိုင်မှုစာချုပ်တောင်းခံနေ၍ ပြည်သူ့အချို့အခက်တွေ့နေဟုဆို

ပေါင်၊ စက်တင်ဘာ၂၀ ပေါင်မြို့နယ်တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရာ၌ ပိုင်ဆိုင်မှုစာချုပ်များတောင်းခံနေခြင်းကြောင့် အိမ်ထောင်စုစာရင်းပြုလုပ်သူ ပြည်သူအချို့အခက်တွေ့နေကြောင်း သိရသည်။

သံဖြူဇရပ်တွင် မှိုနှင့် မှိုမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေ

သံဖြူဇရပ်၊ စက်တင်ဘာ ၁၉ သံဖြူဇရပ်မြို့တွင် မှိုနှင့် မှိုမျိုးစေ့ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။