Dawei Watch ကော့သောင်း၊ နိုဝင်ဘာ ၇

ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်းတွင် လက်နက်နှင့် တရားမဝင် တောရိုင်း တိရိစ္ဆာန် အရိုးစုများ ထားရှိ ခြင်းအား နိုဝင်ဘာ ၅ ရက် ညက ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်သစ်တော ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုသည် ထားဝယ်ခရိုင် မလွှဲတောင်တွင် နိုဝင်ဘာ ၄ ရက်က ခရီးသည်ယာဉ်တစ်စီးတွင် သမင်ချိုများနှင့် ဌက်သိုက်များ ဖမ်းဆီးရမိမှုနှင့် ဆက်စပ်ကြောင်း သိရသည်။

မြရည်ပုလဲလမ်း ဖမ်းဆီးရမိမှုတွင် ယမ်းထောင်း လုပ်သေနတ် ၂ လက်၊ တောရိုင်း တိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ် ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေအရ သာမန်နှင့် လုံးဝ ခွင့်မပြုထားသည့် ပြောင်၊ ဝက်ဝံ၊ မိချောင်း၊ တောင် ဆိတ်၊ တောလိပ်၊ ကုန်းလိပ်၊ ပင်လယ်လိပ်၊ လိပ်ကြက်တူရွေး၊ စသည့် တိရစ္ဆာန်များ၏ အရိုးနှင့်သားရေများ ပါရှိကြောင်း သိရသည်။
%e1%80%b1%e1%80%90%e1%80%ac%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%96%e1%80%99%e1%80%b9%e1%80%b8%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8%e1%80%96
အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဦးအေးနိုင်(ခ)ဦးသီဟ(ခ)မုဆိုးအား ကိုင်ဆောင် ခွှင့်လိုင်စင်မရှိသည့် ယမ်းထောင်း လုပ် သေနတ် လက်ဝယ်တွေ့ရှိမှုအရ မြို့မရဲစခန်းမှ လက်နက်ဥပဒေ ၁၉(စ)နှင့် အရေးယူအမှုဖွင့်ထားသည်။

ထို့အပြင် သစ်တောဦးစီးဌာနမှလည်း တောရိုင်းတိရစ္ဆာန် အရိုးစုများနှင့်ပတ်သက်၍ ခွင့်ပြုချက်မရှိဘဲ အမဲလိုက်ခြင်း၊ လက်ဝယ် ထားရှိခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်းတို့အတွက် ၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၅(က)၊ ၃၆(က)၊ ၃၇(က)ဖြင့် အရေးယူထားကြောင်း သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.