Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၇

လာမည့် နိုဝင်ဘာဘာလ ၂၈ ရက်တွင် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ တတိယပုံမှန် အစည်းအဝေး ကျင်းပမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးထံမှ သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များအား မေးခွန်းများ ပေးပို့ရန် အကြောင်းကြားထားပြီး ရောက်ရှိလာသည့် မေးခွန်း အနည်းအများ အပေါ် မူတည်ကာ အစည်းအဝေးကျင်းပ ရက်အရေအတွက် သတ်မှတ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။

“အစည်းအဝေးကို ၃ ရက် ၄ ရက်လောက် လျာထားတယ်၊ အစည်းအဝေးပြီးရင် လွှတ်တော် ကော်မတီအစည်းအဝေးတွေ ဆက်တိုက် ကျင်းပသွားမယ်” ဟု ဦးခင်မောင်အေးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သစ်၏ သက်တမ်း ၁၀ လအတွင်း မေးခွန်း အမေးအဖြေနှင့် အဆိုပြုခြင်းများ ပါဝင်သည့် လွှတ်တော်အစည်းအဝေး ၁ ကြိမ်သာ ပြုလုပ်ဖူးပြီး ယခုအကြိမ်သည် အမေးအဖြေပါသည့် ဒုယအကြိမ် အစည်းအဝေး ဖြစ်သည်။
%e1%80%90%e1%80%94%e1%80%9e%e1%81%a4%e1%80%ac%e1%80%9b%e1%80%ae%e1%80%9c%e1%82%8a%e1%80%90%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%b9
ယခုအစည်းအဝေးတွင် ဥပဒေအသစ် ရေးဆွဲခြင်း၊ ဥပဒေကြမ်းတင်ခြင်း စသည်များ ပြုလုပ်ဆွေးနွေးရန် မရှိသေးဟု သိရသည်။

ပထမအကြိမ် မေးခွန်းမေးခွင့်ရ အစည်းအဝေးတွင် မေးခွန်းမမေးခဲ့သည့် သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်၂ ကိုယ်စား လှယ် ဦးဝေဝေလွင်က ယခု အစည်းအဝေးတွင် မေးခွန်း မေးရန် ပြင်ဆင်ထားကြောင်း ပြောသည်။

“မြေယာနဲ့ ပတ်သက်တဲ့မေးခွန်း မေးဖို့ရှိပါတယ်၊ အနည်းဆုံး ၂ ခုပေါ့”ဟု ဦးဝေဝေလွင်က ဆိုသည်။

မြို့နယ်တစ်ခုတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂ ဦး ရှိသည့်အနက် နှစ်ဦးစလုံး လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးများ ဖြစ်သွားသော ထားဝယ်မြို့နယ်အတွက် မေးရန်ရှိသည့် မေးခွန်းများကို အခြားကိုယ်စားလှယ်များအား မေးခိုင်းရန် စီစဉ်ထား သည်ဟု ထားဝယ်မြို့နယ် မဲဆန္ဒနယ်ကိုယ်းစားလှယ်တစ်ဦးဖြစ်သည့် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်သည် အမေးအဖြေ အစည်းအဝေးနည်းပါးခြင်း၊ ဥပဒေရေးရာကိစ္စများ ဆွေးနွေးမှု မရှိသေးခြင်း တို့ကြောင့် အလုပ်မလုပ်ဟု ဝေဖန်ခံနေရသည့်အပြင် လွှတ်တော်တင်ဒါခေါ်ယူရာတွင်လည်း လူထုကြား အတော်ပင် ဂယက်ထခဲ့သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.