ရေးမြို့နယ်ရှိ “က” ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်လုပ်လိုသူများအားလုံး လိုင်စင်ရရှိရေးစီစဉ် ဆောင်ရွက်နေ
ရေး ၊ အောက်တိုဘာ ၂၄ ရေးမြို့နယ်အတွင်းရှိ “က” ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပြုလုပ်လိုသူများအားလုံး လိုင်စင် ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာအတွင်း စာရင်းလိုက်လံတောင်းခံလျက်ရှိနေပြီး ကောက်ယူရရှိ လာမည့်စာရင်းများအရ အားလုံးပြုလုပ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်း ရေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။