သတင်း

ဆောက်သန်းမြန်မာ အသင်းနှင့် ကစားသမားအသစ်များ စာချုပ်သစ်ချုပ်ဆို

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် ဆောက်သန်းမြန်မာအသင်းအနေဖြင့် မော်လမြိုင်မြို့တွင် စိစစ်ရွေးချယ်ခဲ့သည့် ကစားသမားများထဲမှ ကစားသမား(၉) ဦးကို စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မုဒုံတန်ဆောင်တိုင် မြို့နယ်ပေါင်းစုံအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

မုဒုံ၊ နိုဝင်ဘာ ၈ မုဒုံတန်ဆောင်တိုင်တွင် မြို့နယ်ပေါင်းစုံအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲအား တတိယအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှသိရသည်။

ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ပေါင်မြို့နယ်က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပ

ပေါင်၊ နိုဝင်ဘာ ၉ ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ပေါင်မြို့နယ်က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၉)ရက်နေ့က ပေါင်မြို့မအားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့သည်။<!--more--> ပုံမှန်အားဖြင့် ဝန်ကြီးချုပ်ဖလားကို မော်လမြိုင်မြို့တွင်သာ ကျင်းပလေ့ရှိပြီး ၂၀၁၁ခုနှစ်မှ စတင်ကာ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အလှည့်ကျအဖြစ် ဆောင်ရွက်လာရာ ယခုနှစ်တွင် ပေါင်မြို့နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းလည်းဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။…

အသက်ကိုးနှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှုဖြစ်ပွား

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၀ သံဖြူဇရပ်မြို့နယ်၊ ဝဲသွန်ချောင်ကျေးရွာတွင် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးအား သားမယားပြုကျင့် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖခင်ဖြစ်သူစည်းရုံးမှုဖြင့် လူငယ်တစ်ဦး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဖြတ်ကုသမှုခံယူ

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၀ သံဖြူဇရပ်မြို့မှ လူငယ်တစ်ဦး ဖခင်၏စည်းရုံးမှုကြောင့် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဖြတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။<!--more--> အဆိုပါဆေးဖြတ်လိုသူလူငယ်မှာ သံဖြူဇရပ်မြို့နယ် ပဒံငံလေးကျေးရွာမှဖြစ်ပြီး ထိုင်းတွင် ငါးနှစ်ခန့် သွားရောက်ပြီးအလုပ်လုပ်ကိုင်ခဲ့ကာ မူးယစ်ဆေးဝါးစွဲလာသောခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဆေးဖြတ် ချင်ရင် မဖမ်းဆီးပဲ သက်ဆိုင်ရာအဖွဲ့များနှင့် ဆက်သွယ်ပြီးဆေးဖြတ်ခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးအုန်းသော်မှ ပြောသည်။ “ကျွန်တော်တို့အဖွဲ့က ပြုစုကုသရေးအပိုင်းကို ဦးတည်သွားမှာဖြစ်ပါတယ်။ ဆေးဖြတ်သူတွေက…

မုဒုံကန်ကြီးရေကန်၌ ရေဆင်းကူးရာမှလူတစ်ဦးရေနစ်သေဆုံး

မုဒုံ နိုဝင်ဘာ ၉ မုဒုံမြို့၊ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ ကန်ကြီးရေကန်၌ နိုဝင်ဘာ(၆)ရက်နေ့က လူတစ်ဦးရေဆင်းကူးရာမှရေနစ်သေဆုံးကြောင်းသတင်းရရှိသည်။

တနင်္သာရီ တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး နိုဝင်ဘာလ နောက်ဆုံးအပတ် ကျင်းပမည်

Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၇ လာမည့် နိုဝင်ဘာဘာလ ၂၈ ရက်တွင် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ တတိယပုံမှန် အစည်းအဝေး ကျင်းပမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးထံမှ သိရသည်။

လက်နက်နှင့် တရားမဝင် တောရိုင်းတိရိစ္ဆာန်အရိုးစုများ ဖမ်းဆီးရမိ

Dawei Watch ကော့သောင်း၊ နိုဝင်ဘာ ၇ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်းတွင် လက်နက်နှင့် တရားမဝင် တောရိုင်း တိရိစ္ဆာန် အရိုးစုများ ထားရှိ ခြင်းအား နိုဝင်ဘာ ၅ ရက် ညက ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်သစ်တော ဦးစီးဌာနမှ သိရသည်။

သစ်ဈေးကြောင့် နာရေးကူညီမှုအသင်းများ အခေါင်း စရိတ်ထောင်းလာ

Dawei Watch မြိတ် နိုဝင်ဘာ ၉ သစ်ထုတ်ခွင့်ပိတ်ပြီး နောက်ပိုင်း သစ်ရှားပါးကာ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် လူသေအလောင်းများအတွက် အသုံးပြုသည့် အခေါင်းအကြမ်း စရိတ် မြင့်တက်ခဲ့ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းအသိုင်းအဝိုင်းမှ သိရသည်။

မွန်ပြည်နယ်တွင် ၁၀ လအတွင်း လောင်းကစားမှု တစ်ရာကျော် ဖမ်းဆီးရမိ

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မွန်ပြည်နယ်တွင် ၂၀၁၆ခုနှစ် ၁၀ လအတွင်း လောင်းကစားမှုများ တစ်ရာကျော် ဖမ်းဆီးရမိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။