သတင်း

ကျိုက်ခမီမြို့တွင် တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိ

ကျိုက်ခမီ၊ နိုဝင်ဘာ ၁၆ ကျိုက်ခမီမြို့တွင် သတင်းအရ မြို့နယ်သစ်တောနှင့် နယ်မြေရဲစခန်းမှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ်သစ်တောဦးစီးမှူး ဦးလှမြင့်ဦးနှင့်သစ်တောဝန်ထမ်းများ ကျိုက္ခမီနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ကျော်ဆန်းနှင့်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာ(၁၁)ရက်နေ့ က ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက် ဝက်သိုးရပ်၊ ဝိဇယလမ်းတွင် စုပုံထားသည့် သစ်များကို သွားရောက် စစ်ဆေးခဲ့ရာ…

မုတ္တမအပိုင်ရဲစခန်းနယ်မြေအတွင်း တစ်ရက်ခြားယာဉ်တိုက်မှုဖြစ်ပြီး လူငါးဦးသေဆုံး

ပေါင်၊ နိုဝင်ဘာ ၁၅ ပေါင်မြို့နယ်၊ မုတ္တမအပိုင်ရဲစခန်းနယ်မြေအတွင်း တစ်ရက်ခြားစီယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ လူ(၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်တိုင်ကိုတိုက်မိသောကား မီးလောင်ကာ ယာဉ်ပေါ်ပါနှစ်ဦးသေဆုံး

ပေါင်၊ နိုဝင်ဘာ ၁၃ ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီး မိုင်တိုင် ၃/၁၇၈ တွင် မော်တော်ယာဉ်တစ်စီး ဓါတ်တိုင်ကိုတိုက်မိပြီး မီးလောင်ကျွမ်းခဲ့ကာ ယာဉ်ပေါ်ပါသူနှစ်ဦး မီးလောင်သေဆုံးခဲ့သည်။

ဆောက်သန်းမြန်မာအသင်း၏ရွေးချယ်ခြင်းခံခဲ့ရပြီးနောက် မော်လမြိုင်အိမ်ကွင်းမှာ ခြေစွမ်းပြခွင့်ရရှိပြီဟု နောက်တန်းလူ နိုင်နိုင်ပြောကြား

မော်လမြိုင်၊ နိုဝင်ဘာ ၁၇ ဆောက်သန်းမြန်မာ အသင်းက ကစားသမားအသစ်များနှင့် ၎င်း၏အသင်းကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုရာတွင် မော်လမြိုင်မြို့မှ နောက်တန်းကစားသမားတစ်ဦးလည်း ပါဝင်ခဲ့သည်။

အော်စကာ၊စတားရစ်ချ်နဲ့ လမ်းပတ်တို့(၃) ဦး ၎င်းတို့၏အသင်းမှ ထွက်ခွာဖွယ်ရှိ၊ မက်ဆီနှင့် အသင်းဖော် တစ်ချို့ ပျို့အန်ပြီး နေမကောင်းဖြစ်

ချယ်ဆီးအသင်းဟာ နည်းပြ ကွန်တီ လက်အောက်တွင် ခြေစွမ်းပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ အော် စကာကို ရောင်းချဖို့ပြင်ဆင်နေပါတယ်။ အော်စကာကို ပြီးခဲ့တဲ့ (၄) နှစ်လောက်က ဘရာဇီးကလပ်ကနေ ခေါ်ယူခဲ့ပြီး အခုချိန်မှာ အင်တာ နှင့် တရုတ် ကလပ် အသင်းတို့က ၎င်းကိုခေါ်ယူဖို့ စောင့်ကြည့်နေကြပါ တယ်။

သံဖြူဇရပ်မြို့ တန်ဆောင်တိုင် မီးထွန်းပွဲ အထိမ်းအမှတ် လမ်းကြမ်းစက်ဘီးပြိုင်ပွဲ ထည့်သွင်းကျင်းပ

သံဖြူဇရပ် နိုဝင်ဘာ ၁၅ သံဖြူဇရပ်မြို့နယ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ် ကီလိုမီတာ(၇၀) လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲအား နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဘုရားလှည့်လည်ပင့်ဆောင်ပွဲတွင် အသုံးပြုသည့် ဂီတအမျိုးအစားအပေါ် ဝေဖန်မှု များလာ

Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၁၃ ထားဝယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရားများကို ရပ်ကွက်အတွင်းလှည့်လည်ပြီး ဘုရားကြီး ဝင်းအတွင်း ပြန်လည်ပို့ဆောင်ချိန်တွင် ရပ်ကွက်တချို့က အသုံးပြုသည့် ဂီတအမျိုးအစားအပေါ် ဝေဖန်မှု မြင့်တက်လျက်ရှိသည်။

ဟိုတယ်ဇုန်လုပ်ရန် မောင်းမကန်ကမ်းခြေ တစ်ဝိုက် တိုင်းအစိုးရ မျက်စိကျ

Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၁၂ ထားဝယ်ဒေသတွင် ဆောက်လုပ်မည့် ဟိုတယ်ဇုန်အား မောင်းမကန်ကမ်းခြေ ဧရိယာတစ်ဝိုက်တွင် ဖော်ဆောင်ရန် လျာထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

အစိုးရမီတာ တပ်မည်ဟူသည့် ဝန်ခံဖြင့် ထားဝယ်ခရိုင်အတွင်း ကျေးရွာအချို့ မီးလင်း

Dawei Watch ထားဝယ်၊ နိုဝင်ဘာ ၁၄ ၃ လအတွင်း ဌာနမီတာ တပ်ဆင်ပါမည်ဟူသည့် ဝန်ခံကတိချက်ပြုဖြင့် ထာဝယ်ခရိုင်အတွင်း ကျေးရွာအချို့ သဘာဝဓာတ်ငွေ့ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း ကျေးရွာများနှင့် တိုင်းလျှပ်စစ်ရုံးထံမှ သိရသည်။

ဒုံသမိချောင်းအတွင်းကူးတို့ပို့သည့် တွဲလှေမှောက်ကာ လှေပေါ်ပါ(၄)ဦးပျောက်ဆုံးနေ

ဘားအံ၊ နိုဝင်ဘာ ၁၅ ဘားအံမြို့နယ်၊ ရေကျော်လေးကျေးရွာအနီး ဒုံသမိချောင်းအတွင်း နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်း တွင် ကူးတို့ကူးပို့သည့် ဖောင်တွဲလှေ ရေဝင်နစ်မြုပ်ကြောင်း