မွန်CSOs

၂၁ ပင်လုံညီလာခံတွင် တင်ပြရန် လူထုထံမှ သဘောာထားအမြင်များ ကောက်ယူမည်ဟု မွန်အရပ်ဘက်အဖွဲ့ တွေ့ဆုံပွဲမှ ဆုံးဖြတ်

မော်လမြိုင်၊ ဇူလိုင် ၇ လာမည့် သြဂုတ်လ နောက်ဆုံးအပတ် ကျင်းပရန်လျာထားသည့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံတွင် မွန်ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့်အသံ၊ သဘောထားများ တင်ပြရန်အတွက် သဘောထားအမြင်များ ကောက်ယူသွားရန်ဆုံးဖြတ်ခဲ့ကြောင်း မွန်ဒေသအတွင်းရှိ မွန်လူမှုအဖွဲ့အစည်းများ တို့က ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတို့တွင် မော်လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

၁ ရာစုပင်လုံ အတွက် မွန်CSOs များ ကြိုတင်ပြင်ဆင်

မော်လမြိုင် ဇွန်၂၈ ၂၁ရာစုပင်လုံငြိမ်းချမ်းရေးညီခံသို့ တင်ပြနိုင်ရန် မွန်ဒေသတစ်နံတစ်လျားရှိ မွန်အရပ်ဘက် အဖွဲ့အစည်းများက စုစည်းပြီး အောက်ခြေလူထုသဘောထားရယူဖို့ အကြို ပြင်ဆင်မှု တွေ့ဆုံပွဲတစ်ရပ်ကို လာမည့်ဇူလိုင်လ ၂ရက်နှင့် ၃ရက်နေ့များတွင် မော်လမြိုင်မြို့တွင် စီစဉ်လျက်ရှိကြောင်း သိရသည်။