နဒီ

ရေလုပ်သားများ၏ အသက်အန္တရာယ် ထိခိုက်မှုများကို ဥပဒေအတိုင်း ကာကွယ်မှု ပြုလုပ်ပေးရန် လူအခွင့်ရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က တောင်းဆို

မော်လမြိုင်၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်ရေးမြို့နယ်အတွင်းရှိ ရေလုပ်သားအများစု၏ အသက်အန္တရာယ် ထိခိုက်မှုများအပေါ် ဥပဒေအတိုင်းကာကွယ်မှုပြုလုပ်ပေးရန် လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့က နိုဝင်ဘာလ(၈)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာတောင်းဆိုလိုက်သည်။<!--more--> ငါးဖမ်းစက်လှေများတွင် လုပ်ကိုင်နေသည့် ရေလုပ်သားများသည့် လုပ်ခလစာများ အပြည့်အ၀ မရရှိခြင်း၊ မတရားစေခိုင်မှုများ ရှိနေခြင်း၊ ပင်လယ်ထဲတွင် ရေလုပ်သားများ မကြာခဏ သေဆုံးခြင်း၊ အလုပ်ရှင်နှင့် အလုပ်ပွဲစားများကြားတွင် လာဘ်ပေးလာဘ်ယူကိစ္စများပါကို တရားဥပဒေဖြင့် ဖြေရှင်းပေးရန် စသည့်အချက်များ…

မွန်ပြည်နယ်ရှိ သောင်ဆွဲ ပိုက်ချက်များကို တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ငွေကျပ် သိန်းပေါင်း ၁၉၀၀ ကျော်ရရှိ

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယခုနှစ် ငါးလုပ်ငန်း ရာသီအတွက် သောင်ဆွဲ ပိုက်ချက်များကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ငွေကျပ် ၁၉၀၀ သိန်း ကျော်ရရှိသည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရှိသည်။

မွန်ပြည်နယ်ရှိ မြို့အဝင် အထွက်ပေါက်များ စစ်ဆေးရန် ပြည်နယ် အစိုးရရုံးသို့ စာတင်

မော်လမြိုင်၊ အောက်တိုဘာ ၂၅ မွန်ပြည်နယ် မြို့အဝင်အထွက်ပေါက်များကို စစ်ဆေးမှု ပြုလုပ်ရန် ပြည်နယ်အစိုးရုံးသို့ စာတင်ထား ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှုရုံးမှ သတင်းရရှိသည်။

စက်စဲကမ်းခြေ သဲသောင်ပြင် ဧရိယာအတွင်း စီးပွားဖြစ် လုပ်ငန်းများ တားမြစ်ပိတ်ပင်

သံဖြူဇရပ်၊ အောက်တိုဘာ ၂၃ သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေရှိ သဲသောင်ပြင် ဧရိယာအတွင်း စီးပွားဖြစ် လုပ်ငန်းများ ပြုလုပ်နေခြင်းကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရုံးမှ သတင်းရရှိသည်။

ပေါင်မြို့နယ်ရှိ စေတီတစ်ဆူတွင် သရုပ်ဆောင်ဟိန်းဝေယံအမည်ဖြင့် ယတြာပြုလုပ်ခြင်းအပေါ် ဒေသခံများ ကန့်ကွက်မှုဖြစ်ပေါ်

ပေါင်၊ အောက်တိုဘာ ၂၄ ပေါင်မြို့နယ်ရှိ မဟာသုဒဿနတောင် ဆုတောင်းပြည့်ဘုရားတွင် ရုပ်ရှင် သရုပ်ဆောင် မင်းသား ဟိန်း ဝေယံ အမည်ဖြင့် ယထြာပြုလုပ်ထားခြင်းကို ဘုရားဖူးသူများ စိတ်အနှောင့်ယှဉ် ဖြစ်စေသည့်အတွက် မပြုလုပ် ရန် မြို့သူမြို့သားများက ကွန့်ကွက်ကြောင်း သတင်းရရှိသည်။

ကျိုက်ထီးရိုးဘုရားရှိ အလှူခံပုံး(၃၁)ပုံမှ အလှူငွေ သိန်း ၁၅၀ ကျော် ရရှိ

ကျိုက်ထို၊ အောက်တိုဘာ ၂၃ ကျိုက်ထီးရိုး ဘုရားရင်ပြင်ပေါ်ရှိ အလှူခံပုံး(၃၁)ပုံးအား ဂေါပက အသစ်လက်ထက်တွင် ဖွင့်ဖောက်ခဲ့ ရာ သိန်း ၁၅၀ ကျော် ရရှိခဲ့သည်ဟု ဂေါပက အဖွဲ့များထံမှ သိရသည်။

မွန်အမျိုးသားပါတီ ခေါင်းဆောင်နှစ်ဦး နှုတ်ထွက်စာတင်သည့်ကိစ္စ ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်မည်

မော်လမြိုင်၊ အောက်တိုဘာ ၁၉ ဝါရင့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည့် မွန်အမျိုးသားပါတီ (MNP) ဥက္ကဌ နှင့် ဒုဥက္ကဌ (၁) တို့ ရှေ့ ဆင့်နောက်ဆင့် ပါတီမှ နှုတ်ထွက်ရန် ထွက်စာတင်ထားသည့်ကိစ္စကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်မည့် ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ဟု ပါတီ အထွေထွေအတွင်းရေးမှူး (၂) နိုင်စိုးမြင့်က ပြောသည်။ မွန်အမျိုးသားပါတီ…

မွန်ပြည်နယ် မြို့နယ် လေးမြို့နယ်တွင် စီးပွားရေး စွမ်းရည်မြှင့်တင်မည့် စီမံကိန်း ပြုလုပ်မည်

မော်လမြိုင်၊ အောက်တိုဘာ ၂၀ မွန်ပြည်နယ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး စီးပွားရေး စွမ်းရည်မြှင့်တင်မည့် စီမံကိန်းကို ပြုလုပ်မည်ဖြစ်ကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

မော်လမြိုင်မြို့ရှိ ဈေးကြိုအဝေးပြေး ယာဉ်ရပ်နားစခန်း ရွေ့ပြောင်းရန် ပြည်နယ်အစိုးရမှ အတည်ပြု

မော်လမြိုင်၊ အောက်တိုဘာ ၁၉ မော်လမြိုင်မြို့ အဝေးပြေး ယာဉ်ရပ်နားစခန်း (ဈေးကြို ) ရွေ့ပြောင်းရန် ပြည်နယ်အစိုးရမှ အတည်ပြု လိုက်ကြောင်း ပြည်နယ်အစိုးရုံးမှ သတင်းရရှိသည်။

မော်လမြိုင်မြို့တွင် ဘင်္ဂါလီ လူငယ် ၁၂ ဦး ဖမ်းဆီးမိ

မော်လမြိုင်၊ အောက်တိုဘာ ၁၇ မော်လမြို့တွင် ဘင်္ဂါလီ လူငယ် ၁၂ ဦး ကို ဖမ်းဆီးမိထားကြောင်း ဒိုင်ဝန်းကွင်းနယ်မြေ ရဲစခန်းမှ သတင်းရရှိသည်။ ယင်း ၁၂ ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ ဟာဘီဆိုဒါ (၁၅) နှစ်