ကိုကိုထက်

ဘားအံနောင်လုံကျေးရွာ ဘုန်းကြီးကျောင်း၌ မီးပုံပျံအလုံး(၈၀၀)ကျော် တစ်ပြိုင်နက်လွှတ်တင်

ဘားအံ၊ နိုဝင်ဘာ ၁၅ ဘားအံမြို့နယ်၊ နောင်လုံကျေးရွာ ဘုန်းကြီးကျောင်းတွင် (၁၁၁)ကြိမ်မြောက် ကထိန်ပွဲအဖြစ် မီးပုံပျံအလုံးရေ(၈၀၀)ကျော် တစ်ပြိုင်နက်လွှတ်တင်ခြင်းပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။<!--more--> အဆိုပါပွဲကို တန်ဆောင်မုန်းလပြည့်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဆွမ်းကြီးလောင်းပွဲတော်လည်းပါဝင်ကာ သံဃာအပါး(၇၀၀)ကျော်အား လှူဖွယ်များလောင်းလှူခဲ့ကြပြီး မီးပုံးပျံလွှတ်တော်ခဲ့ကြသည်။ မီးပုံးပျံများမှာ ပလတ်စတစ်အိတ်ကြီး အလုံးရေ (၄၀၀၀)ကျော်ဖြင့် ပြုလုပ်ထားပြီး မီးဇာမှာ အရှည်(၈) ပေရှိတစ်လုံး၊ ပလတ်စတစ်အိတ်ကြိး အလုံးရေ(၃၀၀၀)ကျော်ဖြင့် ပြုလုပ်ထားပြီး…

KNU၊ BGF ၊ KNU/KNLA (PC)၊ နယ်မြေခံရဲတပ်ဖွဲ့နှင့်ကျောင်းသားပြည်သူများပူးပေါင်း၍ မူးယစ်ဆေးဝါး ဆန့်ကျင်ရှုတ်ချပွဲကျင်းပ

ဘားအံ၊ အောက်တိုဘာ ၂၅ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သံခါကျေးရွာတွင် အောက်တိုဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးဆန့်ကျင်ရှုတ်ချရေးနှင့် မူးယစ်ဆေးဝါးကင်းစင်နယ်မြေဆိုင်းဘုတ်တင်စိုက်ထူပွဲအား ကော့သံခါ ကျေးရွာဘော်လုံးကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံရှိ အာဇာနည်ကျောက်တိုင်မြို့မ ဘောလုံးကွင်း ပြန်လည်ရရှိရေး ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်

ဘားအံ၊ အောက်တိုဘာ ၂၀ ဘားအံမြို့ရှိ အာဇာနည်ကျောက်တိုင်မြို့မ ဘောလုံးကွင်း ပြန်လည်ရရှိစေရေး ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ(၁၉)ရက်နေ့ ညနေပိုင်းက ဘားအံမြို့ သရက်တောကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

တန်(၄၀၀၀)ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်မည့်အပေါ် ဒေသခံများ ကန့်ကွက် မည်ဟုဆို

ဘားအံ၊ စက်တင်ဘာ ၁၉ ဘားအံမြို့နယ်၊သံလွင်အနောက်ဘက်ခြမ်းရှိ မြိုင်ကလေးတန်(၄၀၀၀) ဘိလပ်မြေစက်ရုံ ကို ကျောက် မီးသွေးလောင်စာဖြင့် အစားထိုးလည်ပတ်နိုင်ရေးအတွက် စီမံကိန်းလျာထားချက် အပေါ် စက်ရုံအနီးပတ်ဝန်း ကျင်ကျေးရွာပေါင်း(၁၁)ရွာမှ ဒေသခံပြည်သူများမှ ကန့်ကွက်သွားမည်ဟု သိရသည်။