မြန်မာမိဘတွေက မွေးဖွားတဲ့ ကလေးတွေ အခမဲ့ ဆေးကုသခွင့် မရှိဘူးလို့ ထိုင်းအစိုးရ ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၁၉ ထိုင်းနိုင်ငံရှိ နယ်စပ်ဆေးရုံမှာ မြန်မာမိဘတွေက မွေးဖွားတဲ့ ကလေးတွေအတွက် ဂဏန်း ၁၃ လုံးပါ သက်သေခံနံပါတ် အလိုအလျောက်ထုတ်ပေးထားပေမယ့် ထိုင်းနိုင်ငံသားတွေလို အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် ရရှိမှာ မဟုတ်ဘူးလို့ ထိုင်းအမျိုးသား ကျန်းမာရေး ဖူလုံရေးရုံး NHSO က ဒီဇင်ဘာ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပိုပြီး အရေးကြီးတာက…

ရုရှားစစ်ဗိုလ်ချုပ်အား လုပ်ကြံမှု စွပ်စွဲချက်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံသား ဖမ်းဆီးခံရ

မော်စကို၊ ဒီဇင်ဘာ ၁၉ မော်စကိုမြို့မှာ ဗိုလ်ချုပ် အီဂေါ် ကီရီလော့ဗ်နဲ့ သူ့ရဲ့ လက်ထောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ အသက် ၂၉ နှစ်အရွယ် ဥဇဘက်ကစ္စတန်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးထားကြောင်း ရုရှားအရာရှိတွေက ပြောကြားထားပါတယ်။ ရုရှားနိုင်ငံရဲ့ ရေဒီယိုသတ္တိကြွမှု၊ ဓာတုဗေဒနဲ့ ဇီဝဗေဒဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် လက်ထောက်ဗိုလ်ချုပ် အီဂေါ် ကီရီလော့ဗ်ဟာ ဒီဇင်ဘာ ၁၇…

ကြာအင်းဆိပ်ကြီးမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ကြာအင်းဆိပ်ကြီး၊ ဒီဇင်ဘာ ၁၉ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းထောင်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က အနင်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ရဲတံခွန်ကျေးရွာကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဝင်းထောင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။…

နပခစစ်ဌာနချုပ်မှာ စစ်ရုံးနေရာတချို့သာ ကျန်တော့တယ်လို့ AA ပြော

အမ်း၊ ဒီဇင်ဘာ ၁၉ ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းစစ်ဌာနချုပ်စခန်းသိမ်းတိုက်ပွဲအတွင်း တိုင်းစစ်ရုံးနေရာတချို့သာ ကျန်ရှိတော့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။ တိုင်းစစ်ရုံးအတွင်းကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီနီးပါးဟာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရပြီး စစ်ကောင်စီတပ်ကလည်း ရခိုင်ရိုးမတောင်တန်းကနေ လက်နက်ကြီး အဆက်မပြတ်ပစ်ကူပေးနေတယ်လို့…

မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ

ရေး ၊ ဒီဇင်ဘာ ၁၉ နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့တို့ဟာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် ပူးတွဲစစ်ရေးလှုပ်ရှားဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒီက နေ့ မနက်ပိုင်းမှာ ပူးတွဲကြေညာပါတယ်။ မွန်တော်လှန်‌ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်အမျိုးသား လွတ် မြောက်ရေးတပ်မတော် MNLA AD ၊ မွန်ပြည် ကာကွယ်ရေးတပ် MSDF နဲ့…

အမျိုးသမီးတစ်ဦးပစ်သတ်ခံရမှု သူတို့လက်ချက်မဟုတ်ဘူးလို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“လောင်းလုံးမြို့နယ်မှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးတစ်ဦးဟာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးရမှုအပေါ် PDF တွေ လုပ်တာ”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

CRPH အဖွဲ့ဝင်တွေကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းမှားဖြန့်နေ

အမှန်/အမှား +++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “CRPH အဖွဲ့ဝင်တွေကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်”ဆိုပြီး စစ်တပ်လော်ဘီတွေက သတင်းအမှားဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ…

စစ်အာဏာသိမ်း (၁၄၁၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၆၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၉ AAPP ရဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၁၇) ရက်အတွင်း ပြည်သူ (၆၀၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၉၂၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းမှု ရုပ်ပျက်ဆင်းပျက်ဖြစ်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၉ မြေပြင်တိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေ ပိုမိုဆိုးရွားစွာရင်ဆိုင်နေရတဲ့ စစ်ကောင်စီကအင်အားပြုန်း တီးမှုတွေကို ပြန်လည်ဖြည့်တင်းဖို့ လူငယ်တွေကို ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းပြီး စစ်မှု ထမ်းခိုင်းဖို့ ကြိုးပမ်းလာနေပါတယ်။ အခုရက်ပိုင်းအတွင်း ရန်ကုန်နဲ့ မန္တလေးတို့လို ပြည်မအခြေစိုက်မြို့ကြီးတွေမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို စစ်ကောင်စီက စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ရှိနေတယ်လို့…

မာနယ်ပလောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ခြောက်ဦးအရှင်ဖမ်းမိ

ဘားအံ၊ ဒီဇင်ဘာ ၁၉ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်ဟောင်း မာနယ်ပလောဒေသရှိ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၉၁၃(နို့ဒေး)စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ် ရင်းမှူးတစ်ဦးအပါအဝင် ခြောက်ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ KNU ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေ မာနယ်ပလောဒေသထဲမှာ နှစ်ပေါင်း ၃၀ နီးပါးအကြာ အ ခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ပွိုင့်…