ကနီ ဗုံးကြဲမှု PDF ၃၀ ကျော် သေဆုံးတယ်လို့ စစ်တပ်လော်ဘီတွေသတင်းဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“ကနီမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးမှုအပေါ် PDF ၃၀ ကျော် သေဆုံးတယ်”လို့ စစ်ကောင်စီတပ် လော်ဘီတွေ သတင်းအမှားဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

တိုင်းစစ်ဌာနချုပ်ကျဆုံးမှု စစ်ကောင်စီနှုတ်ဆိတ်နေ

နေပြည်တော် ၊ ဒီဇင်ဘာ ၂၂ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်‌ကောင်စီတပ်ဟာ စစ်ရေးရှုံးနိမ့်မှုတွေများစွာ ရင်ဆိုင်နေရတဲ့အတွက် အခုနှစ်အတွင်း တိုင်းစစ်ဌာနချုပ်နှစ်ခုကို ရှေ့ဆင့်နောက်ဆင့် လက်လွှတ်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။ ပူပူနွေးနွေး လက်လွှတ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်ရှိ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒုတိယမြောက် ဆုံးရှုံးမှုအဖြစ် ကြုံတွေ့နေချိန် စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက နေပြည်တော်မှာ ပွဲတက်မပျက်ခဲ့ကြပါဘူး။ အရေးပေါ်ကာလအဖြစ် ကြေညာထားတဲ့ မြန်မာနိုင်ငံမှာ…

မွန်ပြည်နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်းရှိလာ

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၂ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း ရှိလာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ စစ်သားစုဆောင်းခံထားရတဲ့ ဒီအရေအတွက်ဟာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၈ အ ထိဖြစ်ပြီး လာမယ့်စစ်မှုထမ်း အပတ်စဉ် ၉ အတွက်လည်း စစ်ကောင်စီဘက်က…

ကျိုက်ထိုမှာ စစ်ကောင်စီ တပ်အင်အားဖြည့်တင်းနေ

ကျိုက်ထို၊ ဒီဇင်ဘာ ၂၂ နှစ်ဖက်စစ်ဆင်ရေး တင်းမာနေတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ဒေသမှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၉ ရက်နေ့ကစပြီး သိမ်ဇရပ်အခြေစိုက် တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၂၀၇ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၃၁၀ အမြောက်တပ်ရင်းတွေထံ တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာတာပါ။ ဒေသခံတွေရဲ့…

ရေဖြူမြို့နယ် ဇာဒီရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက်မီးရှို့နေ

ရေဖြူ၊ ဒီဇင်ဘာ ၂၂ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇာဒီကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နှစ်ရက် ဆက် မီးရှို့နေတာကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးနေတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ ဇာဒီကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းနဲ့ ဒီ ဇင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတို့မှာ ကျေးရွာအတွင်းရှိ…

အာဆီယံက မြန်မာရွေးကောက်ပွဲ အားလုံးပါဝင်စေလိုတယ်လို့ ထိုင်း ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ လာမယ့်နှစ် စစ်ကောင်စီ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူအားလုံး ပါဝင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အလိုရှိလိမ့်မယ်လို့ ထိုင်းက မြန်မာစစ်ကောင်စီကို ပြောကြားထားကြောင်း ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အာဆီယံအနေနဲ့ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘုံရပ်တည်ချက် ချမှတ်ရေး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ…

ထိုင်ဝမ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်း ဘိုင်ဒန် ထပ်မံခွင့်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁ လာမယ့် ဇန်နဝါရီလ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရုံးက ထွက်ခွာဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်အတွက် ကာကွယ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်းကို ဒီဇင်ဘာ ၂၀ ရက်မှာ ခွင့်ပြုလိုက်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။ အမေရိကန်က ထိုင်ဝမ်ကို သံတမန်နည်းလမ်းအရ တရားဝင် အသိအမှတ်ပြုမထားပေမယ့်…

လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်လအတွင်း အရပ်သားပြည်သူ ၃၀၀ နီးပါး သေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာ ၂၁ နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခြောက်လအတွင်း အရပ်သားပြည်သူ ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုနှစ် ဇူလိုင် ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၁၃၆…

AA သိမ်းပိုက်ထားတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်အထိရှိလာ

အမ်း၊ ဒီဇင်ဘာ ၂၁ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ရခိုင်စစ်ဆင်ရေးအတွင်း မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို အပြည့် အဝထိန်းချုပ်လိုက်ပြီလို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ အမ်းမြို့အခြေစိုက် နပခစစ်ဌာနချုပ် တိုင်းစစ်ရုံးအတွင်းရှိ လက်ကျန်နေရာအားလုံးကို AA က ဒီ…

တစ်ခုတည်းသော မွန်တပ်တော်ပေါ်ပေါက်လာဖို့ အခြေအနေနီးစပ်ပြီလား။

“မွန်တော်လှန်ရေးလက်နက်ကိုင် လေးဖွဲ့ရဲ့ သဘောတူဆုံးဖြတ်ချက်မှာ သဘောတရားရပ်တည်ချက်အပြင် လက်တွေ့အကောင်အထည်ဖော်မှုတွေလည်း ပါနေတဲ့အတွက်ကြောင့် မွန်ပြည်သူပြည်သားများရဲ့ မျှော်လင့်ချက်အတိုင်း အမှန်တကယ် ဖြစ်မှာပါလို့ ပြောရမှာပါ” – ဒေါက်တာ သီရိမွန်ချမ်း (MSDF တပ်မှူး) စစ်ကောင်စီ စိုးမိုးနယ်မြေတွေ အားကောင်းနေတဲ့ မွန်ပြည်နယ်မှာ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော် MNLA AD ၊…