အမ်းအခြေစိုက်စစ်တပ်စခန်း ၁၀ ခုကို AA ထပ်မံ သိမ်းယူ
အမ်း၊ ဒီဇင်ဘာ ၇ ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့တပ်ရင်း၊ တပ်ခွဲ၊ လေဆိပ်စခန်းအပါအဝင် တပ်စခန်း ၁၀ ခုကို ထပ်မံသိမ်းယူခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက် အောက်မှာရှိတဲ့ တပ်ရင်းတပ်စခန်းရှစ်ခုကို သိမ်းယူခဲ့ပြီးနောက်…
ကျောင်းသုံးစာအုပ်တွေကို လက်ဆင့်ကမ်းသုံးတဲ့ စနစ်ကျင့်သုံးဖို့ စစ်ကောင်စီပြင်ဆင်
မော်လမြိုင် ၊ ဒီဇင်ဘာ ၇ အာဏာသိမ်း စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေမှာ သင်ကြားနေတဲ့ ကျောင်းသားကျောင်း သူတွေရဲ့ ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းသုံးတဲ့ စနစ်နဲ့ကျင့်သုံးဖို့ ပြင်ဆင်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းသုံးတဲ့စနစ်ကိုတော့ လာမယ့် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်ကစပြီးကျင့်သုံးသွားမှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေဟာ စာသင်နှစ်ပြီးတာနဲ့ ပြဋ္ဌာန်း စာအုပ်တွေကို သက်ဆိုင်ရာကျောင်းတွေမှာ ပြန်လည်အပ်နှံရမှာ ဖြစ်ပါတယ်။ ပြန်လည်အပ်နှံတဲ့နေရာမှာတော့…
မွန်ပြည်နယ်တောင်ပိုင်းဒေသမှာ စစ်ကောင်စီ တပ်အင်အားတိုးချဲ့လာ
ရေး ၊ ဒီဇင်ဘာ ၇ မွန်ပြည်နယ်တောင်ပိုင်းဒေသဖြစ်တဲ့ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲတွေ ငြိမ်သက် နေပေမယ့် စစ်ကောင်စီဘက်က တပ်အင်အားတိုးချဲ့ပြီး စစ်ရေးအတွက်ပြင်ဆင်မှုတွေ လုပ်ဆောင် နေတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က သံလွင်တိုင်မ်းကို ပြောပါတယ်။ လတ်တလော သံဖြူဇရပ်-ရေး-ထားဝယ် ကားလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ အနီးဝန်း ကျင်က ကျေးရွာတွေမှာ ကင်းလှည့်တာ၊ စစ်ကြောင်းလှည့်တာနဲ့ နယ်မြေရှင်းလင်းရေးတွေ…
ကော့ကရိတ်-မြဝတီ အာရှလမ်းမမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ
ကော့ကရိတ်၊ ဒီဇင်ဘာ ၇ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲတွေဆက် လက်ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ကော့ကရိတ်-မြဝတီကို ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးကို စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ အာရှလမ်းမမှာ ထိုးစစ်ဆင်ရောက်ရှိနေတဲ့ သူတို့ရဲ့ အောင်ဇေယျစစ်ကြောင်းထဲကို တပ်အင်အားတွေ ပိုမိုဖြည့်ဆည်းလာပြီး လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေအပါအ ဝင်…
ရေးမှာစစ်ကောင်စီ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးသေဆုံး
ရေး၊ ဒီဇင်ဘာ ၇ မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာမှာ စစ်ကောင်စီ သြဇာခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ကိုယ်ဝန်သည်အမျိုးသမီးဟာ ဆေးကုသနေစဉ် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၅ ရက်နေ့က အစင်ကျေးရွာ ပြည်သူ့စစ်ဂိတ်ကနေ ဆိုင်ကယ်နှစ်စီးနဲ့လာတဲ့ လူ ငယ်လေးဦးကို ပြည်သူ့စစ်အဖွဲ့တွေ လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် လမ်းဘေးမှာရှိနေတဲ့ ကိုယ်ဝန် ငါးလအရွယ်…
ဆီးရီးယားနိုင်ငံရဲ့ ဒုတိယမြို့ကြီးတစ်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်
ဟာမာ၊ ဒီဇင်ဘာ ၆ သမ္မတ ဘာရှာ အယ်လ် အာဆတ်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုအနေနဲ့ ဆီးရီးယားနိုင်ငံရဲ့ ဒုတိယမြောက်မြို့ကြီး ဟာမာမြို့ကနေ အစိုးရ စစ်သားတွေ ဆုတ်ခွာသွားပြီးနောက် အဲဒီမြို့ကြီးကို ရာနှုန်းပြည့် ထိန်းချုပ်ထားလိုက်ပြီလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဟာမာမြို့ကို အောင်မြင်စွာ သိမ်းပိုက်ထားနိုင်ကြောင်း HTS တပ်ဖွဲ့ အကြီးအကဲက ကြေညာပြီး လက်စားချေမှုရှိမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။…
ဂါဇာမှာ အစ္စရေး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ AI အဖွဲ့ စွပ်စွဲ
ဂါဇာမှာ အစ္စရေး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ AI အဖွဲ့ စွပ်စွဲ လန်ဒန်၊ ဒီဇင်ဘာ ၆ ပြီးခဲ့တဲ့နှစ်က စစ်ပွဲ စတင်ပြီးနောက်ပိုင်း ဂါဇာမှာ အစ္စရေးက လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က စွပ်စွဲလိုက်ပြီး မိမိတို့ရဲ့ အစီရင်ခံစာအသစ်ဟာ ကမ္ဘာကြီးအတွက် လှုပ်နှိုးချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။…
တစ်လအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၆၁ ဦးသေဆုံး
မော်လမြိုင်၊ ဒီဇင်ဘာ ၆ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၆၁ ဦးသေဆုံးပြီး ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊…
စစ်အာဏာသိမ်း (၁၄၀၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၂၀) ဦးအထိရှိလာ
မော်လမြိုင်၊ ဒီဇင်ဘာ၆ AAPP ရဲ့ ဒီဇင်ဘာ ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၀၄) ရက်အတွင်း ပြည်သူ (၆၀၂၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၈၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၆၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…
မွန်ပြည်နယ်မှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုဆိုးလာပြန်
မော်လမြိုင် ၊ ဒီဇင်ဘာ ၅ မွန်ပြည်နယ်မှာ အခုလဒီဇင်ဘာပထမအပတ်ကစလို့ မြို့နယ်တိုင်းနီးပါး လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး တချို့ကျေးရွာတွေမှာ တစ်ရက်လျှင် အချိန်သုံးနာရီလောက်သာ လျှပ်စစ်မီးရရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လျှပ်စစ်မီးရရှိမှုဟာ ပြီးခဲ့တဲ့လပိုင်းတွေက မြို့ပေါ် ရပ်ကွက်တွေမှာ တစ်ရက်ကိုအလှည့်ကျစနစ်နဲ့ ၁၀ နာရီဝန်းကျင်ရရှိခဲ့ရာမှ လက်ရှိမှာတော့ တစ်ရက်ကိုခြောက်နာရီဝန်းကျင်လောက်သာ လျှပ်စစ် မီးရရှိတော့တာပါ။ ဒါ့အပြင် လျှပ်စစ်မီးဖြန့်ဝေပေးရာမှာလည်း တစ်ကြိမ်ကို…